ဂျပန်တွင် ဒေသခံများ စိုးရိမ်၍ ဓာတ်အားပေးစက်ရုံမှ ဓာတ်ပေါင်းဖိုများပိတ်ပစ်ရန် အမိန့်ထုတ်

ဂျပန်တွင် ဒေသခံများ စိုးရိမ်၍ ဓာတ်အားပေးစက်ရုံမှ ဓာတ်ပေါင်းဖိုများပိတ်ပစ်ရန် အမိန့်ထုတ်

တိုကျို၊ မတ် ၉ ။           ။ ဂျပန်နိုင်ငံအနောက်ပိုင်း တာကာဟာမာပြည်နယ်ရှိ ကန်ဆိုင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်ပေါင်းဖိုနှစ်ခုအား ပိတ်ပစ်ရန် တရားရုံးက အမိန့်ထုတ်လိုက်သည်။

စက်ရုံ၏ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်ပြီး ဒေသခံများက စိုးရိမ်တိုင်ကြားသဖြင့် အိုတာ့ဆုခရိုင်တရားရုံးက အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

ယခုဖြစ်ရပ်သည် ငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမားနျူကလီးယားဓာတ်ပေါင်းဖို ပျက်စီးမှု ဘေးအန္တရာယ်ဖြစ်ပွားပြီး ငါးနှစ်မြောက်နှစ်ပတ်လည်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အထက်ပါ စက်ရုံကို ချက်ချင်းပိတ်ပစ်ရန်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ အမိန့်ထုတ်ခြင်းသည် ပထမဆုံးလည်းဖြစ်ကြောင်း ဂျပန်သတင်းများတွင် ဖောြ်ပသည်။

အမိန့်နှင့် ပတ်သက်ပြီး အမြန်ဆုံး အယူခံဝင်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ပြောသည်။

ပိတ်ပစ်ရန် အမိန့်ထုတ်ထားသည့် ဓာတ်ပေါင်းဖိုနှစ်ခုတွင် အမှတ်စဉ် ၃ ဓာတ်ပေါင်းဖိုမှာ လက်ရှိ လည်ပတ်နေဆဲဖြစ်သည်။ အမှတ်စဉ် ၄ ဓာတ်ပေါင်းဖိုမှာမူ နည်းပညာချို့ယွင်းမှုကြောင့် ပြီးခဲ့သည့်လအတွင်းက ပိတ်ထားရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly