ချာဘာဟာဆိပ်ကမ်းကို အိန္ဒိယက စိတ်ဝင်စားနေခြင်းသည် တရုတ်၏BRI စီမံကိန်းကို တန်ပြန်ရန်ဖြစ်

ချာဘာဟာဆိပ်ကမ်းကို အိန္ဒိယက စိတ်ဝင်စားနေခြင်းသည် တရုတ်၏BRI စီမံကိန်းကို တန်ပြန်ရန်ဖြစ်

အိန္ဒိယကချာဘာဟာဆိပ်ကမ်းကိုအလွန်စိတ်ဝင်စားနေခြင်းကတရုတ်၏ကြီးမားသော ခါးပတ်လမ်းရပ်ဝန်း စီမံ ကိန်း (BRI) အခြေခံအဆောက်အအုံစီမံကိန်းကို တစ်စိတ်တစ်ပိုင်းအားဖြင့် တန်ပြန်လိုခြင်းကြောင့် ဖြစ်နိုင်ကြောင်းAsian Lite International ကဖော်ပြလိုက်သည်။

အီရန်နိုင်ငံအရှေ့တောင်ပိုင်းရှိချာဘာဟာဆိပ်ကမ်းသည်အိုမန်ပင်လယ်သို့ဝင်ပေါက်အသစ်တစ်ခုဖြစ်ပြီးအိန္ဒိယသမုဒ္ဒရာ၊အာဖဂန်နစ္စတန်နှင့်ဗဟိုအာရှရှိကုန်းတွင်းပိတ်နိုင်ငံများအထိရောက်ရှိလာနိုင်ပြီးဒေသတွင်းကုန်သွယ်မှုတိုးတက်လာစေနိုင်သည်။

ဂွါဒါဆိပ်ကမ်းနှင့်တရုတ်နှင့်ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှ တစ်ဆင့် တရုတ်၏ပါကစ္စတန်နှင့်ပူးပေါင်းဆောင်ရွက်မှုကိုအိန္ဒိယက စိုးရိမ်ပူပန်နေသည်။ ချာဘာဟာဆိပ်ကမ်းတွင်အိန္ဒိယကပါဝင်ခြင်းဖြင့်ဒေသတွင်းဈေးကွက်မြှင့်တင်ရေးနှင့်တရုတ်နှင့်ပါကစ္စတန်ပူးပေါင်းဆောင်ရွက်မှုကိုတန်ပြန်ရေးအတွက်အိန္ဒိယနှင့်အီရန်မဟာမိတ်ဖြစ်မှုကိုအသုံးပြုနိုင်ပြီးဒေသတွင်သြဇာလွှမ်းမိုးရေးအတွက်အရေးကြီးသောမဟာဗျူဟာတစ်ခုဖြစ်ကြောင်းAsian Lite International ကဖော်ပြခဲ့သည်။

ဒီဇင်ဘာလအစောပိုင်းတွင်အာဖဂန်နစ္စတန်ရှိတာလီဘန်အာဏာပိုင်များကအီရန်ရှိချာဘာဟာဆိပ်ကမ်းကို လူသိရှင်ကြားထောက်ခံအားပေးခဲ့သည်။

အမေရိကန်ဒေါ်လာသန်း၅၀ဝရင်းနှီးမြှုပ်နှံရန်ကတိပြုခြင်းဖြင့်အိန္ဒိယကရှဟစ်ဘီဟစ်တီဆိပ်ကမ်းကို၂၀၁၆ခုနှစ်ကတည်းကစတင်လုပ်ကိုင်နေပြီးအိန္ဒိယနှင့်အီရန်ဆက်ဆံရေးကိုပိုမိုခိုင်မာစေပြီးကြီးထွားလာသော တရုတ်နှင့်ပါကစ္စတန်ပူးပေါင်းဆောင်ရွက်မှုကိုတန်ပြန်မည်ဖြစ်သည်။

မကြာသေးမီနှစ်များအတွင်းအိန္ဒိယကဗဟိုအာရှဒေသနှင့်ကုန်သွယ်မှုအတွက်ရည်မှန်းချက်ကြီးပြီးကျယ်ပြန့်သည့်မဟာဗျူဟာကိုကျင့်သုံးခဲ့သည်။

သို့သော်အာဖဂန်နစ္စတန်၊ဗဟိုအာရှတို့နှင့်ကုန်သွယ်မှုအတွက်ပါကစ္စတန်ကိုဖြတ်သည့်ကုန်းလမ်းကြောင်းများ အသုံးမပြုနိုင်ခြင်းကြောင့် အိန္ဒိယအတွက်အဟန့်အတားဖြစ်နေသည်။

အီရန်ရှိချာဘာဟာဆိပ်ကမ်းသစ်ဖွံ့ဖြိုးတိုးတက်မှုကအိန္ဒိယအားပါကစ္စတန်ကိုဖြတ်သန်းရန်မလိုဘဲကုန်သွယ်မှုလမ်းကြောင်းကိုဖွင့်ပေးလိုက်သဖြင့်အိန္ဒိယ၏ကုန်သွယ်မှုအလားအလာကိုပြောင်းလဲစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required