တရုတ်က ဂရိနိုင်ငံတွင် အထူးရဲတပ်ဖွဲ့ ထားရှိ

တရုတ်က ဂရိနိုင်ငံတွင် အထူးရဲတပ်ဖွဲ့ ထားရှိ

ဂရိနိုင်ငံ အေသင်မြို့တွင် တရုတ် အထူးရဲတပ်ဖွဲ့ရှိကြောင်း သတင်းထောက် ဗက်စီလစ်လမ်ယရိုပိုလော့စ်က ဂရိသတင်းဝက်ဘ်ဆိုက် Directus တွင် ရေးသားထားသည်။

အဆိုပါအထူးရဲတပ်ဖွဲ့သည် တရုတ်အတိုက်အခံများအား နေရပ်ပြန်ရန်နှင့် ၎င်းတို့၏ နိုင်ငံရေး ရွေးချယ်မှုအကျိုးဆက်များကို ခံကြစေရန်ကို ရှာဖွေပြီး ခြိမ်းခြောက်ခြင်းများ ပြုလုပ်သည်။

အေသင်မြို့လယ်ရှိ အေဂျက်စီလောင်လမ်းတွင် တရုတ်ရဲဌာနခွဲတစ်ခုရှိပြီး တရုတ်နိုင်ငံသားများအတွက် ဝန်ဆောင်မှုရုံးအဖြစ် စတိုးဆိုင်တစ်ခုကို အသုံးပြုထားသည်။

အထူးရဲတပ်ဖွဲ့က အတိုက်အခံများအား နှောင့်ယှက် ပြန်ပေးဆွဲပြီး နေရပ်သို့ အတင်းအကျပ်ပို့ဆောင်ကြောင်း Directusတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဒေသအသီးသီးတွင် တရုတ်လျှို့ဝှက်ရဲစခန်းများရှိသည်ဟူသော သတင်းများကြောင့် တိုက်ကြီး ၅ တိုက်၏ နိုင်ငံများစွာရှိ ပါလီမန်များတွင် အမျက်ဒေါသထွက်ကာ ငြင်းခုံဆွေးနွေးမှုများဖြစ်စေခဲ့သည်။

တရုတ်သည် ပြစ်မှုကျူးလွန်သူဟု ၎င်းတို့ယူဆထားသည့် ပြည်ပရောက်နိုင်ငံသားများကို ဖမ်းဆီးရန် တရားမဝင်သော နည်းလမ်းကို အသုံးပြုကြောင်း မက်ဒရစ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Safeguard Defendersက မကြာသေးခင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိတ်လန့်ဖွယ်အကောင်းဆုံး တရုတ်ရဲစခန်းများကို တောင်အာရှ၊ အရှေ့တောင်အာရှ၊ တောင်အမေရိကနှင့် အာဖရိကနိုင်ငံများတွင် တွေ့နိုင်ကြောင်းနှင့် အဆိုပါနေရာများသည် တရုတ်ရဲစခန်းများ၏ နေရာသစ် ဖြစ်လာကြောင်း Ij-Reportikaသတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly