"ကျနော်ဆိုရင် အများကြီးပိုရင့်ကျက်လာပြီး ပိုပြီးတော့ လူပီသလာတယ်"

"ကျနော်ဆိုရင် အများကြီးပိုရင့်ကျက်လာပြီး ပိုပြီးတော့ လူပီသလာတယ်"

 

" ၂၀၂၂ က ၂၀၂၁ ထက်စာရင် အများကြီးပိုကောင်းလာတယ်။ ကျနော်ဆိုရင် အများကြီးပိုရင့်ကျက်လာပြီး ပိုပြီးတော့ လူပီသလာတယ်" ချင်းပြည်နယ်က အညာသူဆရာဝန်မလေး ဒေါက်တာငြိမ်းနှင့် သီးသန့်တွေ့ဆုံမေးမြန်းခြင်း အာဏာသိမ်းပြီးမကြာခင်မှာပဲ တိုက်ပွဲတွေပြင်းထန်လာခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်သို့သွားရောက်ကာ ဒေသခံတွေကို ဆေးကုသပေးနေသူ ဆရာဝန်မလေး အေးငြိမ်းသူ၊ ဆရာဝန်ရှားပါးလှတဲ့ဒေသမှာ ဆေးရုံတစ်ရုံတည်ထောင်နိုင်ခဲ့သူ၊ အငြိမ်းလို့လူသိများတဲ့ ဒေါက်တာအေးငြိမ်းသူဟာလည်း အငြင်းပွားဖွယ်အဖြစ်တွေမကင်းလွတ်နိုင်ခဲ့ပါဘူး၊ အလှူငွေတွေကိုအလွဲသုံးစားလုပ်တယ်ဆိုတဲ့စွပ်စွဲမှုတွေနဲ့ သူ့ဘက်ကချေပမှုတွေနဲ့ လူမှုကွန်ရက်မှာ ပွဲဆူခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကပဲ သူ့ကိုစိတ်ကျဝေဒနာလိုဖြစ်ခဲ့ရာက အခုတော့ ကျော်လွှားနိုင်ခဲ့ပြီလို့ဆိုပါတယ်။ အငြိမ်းဟာ ၂၀၂၂ ခုနှစ်အတွက် ဘီဘီစီရဲ့ ထူးခြားထင်ရှားအမျိုးသမီး ၁၀၀ စာရင်းမှာထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။ အသက် ၂၆ နှစ်အရွယ် အညာသူဆရာဝန်မလေးရဲ့ တော်လှန်ရေးကာလဖြတ်သန်းမှုအတွေ့အကြုံနဲ့ နှစ်ဟောင်းကိုဖြတ်လို့ နှစ်သစ်ကိုမှန်းမျှော်ကြည့်ပုံတွေကို မဇ္ဈိမရဲ့ သတင်းခန်းစီမံခန့်ခွဲမှုအယ်ဒီတာ ဦးစိန်ဝင်းက မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required