တရုတ်တွင် ကိုဗစ်ကူးစက်သူ သန်း ၂၅၀ နီးပါးရှိသည်ဆိုသော စာရွက်စာတမ်းပေါက်ကြား

တရုတ်တွင် ကိုဗစ်ကူးစက်သူ သန်း ၂၅၀ နီးပါးရှိသည်ဆိုသော စာရွက်စာတမ်းပေါက်ကြား

တရုတ်နိုင်ငံတွင် ယခုလပထမပတ်၌ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖြေလျှော့လိုက်ပြီးနောက် ရက်ပေါင်း ၂၀ အတွင်း လူပေါင်း ၂၅၀ သန်းနီးပါးသည် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း လူမှုမီဒီယာတွင် ပျံ့နှံ့နေသော ပေါက်ကြားလာသည့် အစိုးရစာရွက်စာတမ်းများကို ကိုးကား၍ RFA က ဖော်ပြခဲ့သည်။

တရုတ်ကျန်းမာရေးကော်မရှင်ကပြုလုပ်သည့် မိနစ် ၂၀ ကြာအစည်းအဝေးမှပေါက်ကြားလာသော စာရွက်စာတမ်းများတွင် ဒီဇင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ကိုဗစ်-၁၉ ကူးစက်သူ ၂၄၈ သန်းရှိပြီး တရုတ် လူဦးရေ၏ ၁၇ ဒသမ ၆၅ ရာခိုင်နှုန်းဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက်အတွက် ကိုဗစ်ကူးစက်မှုမှာ ၃၇ သန်းနီးပါးရှိသည်ဟု ခန့်မှန်းရကြောင်း RFA က ဖော်ပြခဲ့သည်။

စာရွက်စာတမ်းများမှာ အစစ်အမှန်ဖြစ်ပြီး အစည်းအဝေးတက်ရောက်သူထံမှ ပေါက်ကြားလာခြင်းဖြစ်ကြောင်း အကြီးတန်း တရုတ်သတင်းထောက်တစ်ဦးက RFA သို့ပြောသည်။

တရုတ်ပြည်မကြီးတွင် ဒီဇင်ဘာ ၂၃ ရက်က ကိုဗစ်အတည်ပြုလူနာ ၃ ၇၆၁ ဦးရှိပြီး ထပ်မံသေဆုံးသူမရှိကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံတွင် တစ်နေ့လျှင် ကိုဗစ်ကူးစက်သူ ၁ သန်းထက်မနည်းရှိပြီး လူ ၅ ၀၀၀ ကျော်သေဆုံးဖွယ်ရှိကြောင်း ဗြိတိန်အခြေစိုက် ကျန်းမာရေးဆိုင်ရာအချက်အလက်ထုတ်ပြန်ရေးကုမ္ပဏီAirfinityက ပြောခဲ့ပြီးနောက် ယခုကဲ့သို့ အစည်းအဝေးမှတ်တမ်းပေါက်ကြားလာခြင်းဖြစ်သည်။

ပေကျင်းမြို့နှင့် ကွမ်တုန်းပြည်နယ်တို့တွင် လတ်တလော ကိုဗစ်ကူးစက်မှုများ အလျင်အမြန် မြင့်တက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required