တရားဝင်ခွင့်ပြုချက်မရှိဘဲရင်းနှီးမြှုပ်နှံမှုအတွက်Foxconn ကို ထိုင်ဝမ်ဒဏ်ရိုက်မည်

တရားဝင်ခွင့်ပြုချက်မရှိဘဲရင်းနှီးမြှုပ်နှံမှုအတွက်Foxconn ကို ထိုင်ဝမ်ဒဏ်ရိုက်မည်

ထိုင်ဝမ်ရှိ ကမ္ဘာ့အကြီးဆုံးအီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်သည့်Foxconn ကုမ္ပဏီ ကရှယ်ယာများရောင်းချမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် အဆိုပါ ကုမ္ပဏီက တရုတ်နိုင်ငံရှိ ချစ်ပ်ပြားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုတွင် ခွင့်ပြုချက်မရှိဘဲ ရင်းနှီးမြှုပ်နှံသည့်အတွက် Foxconn အား ဒဏ်ရိုက်မည်ဖြစ်ကြောင်းထိုင်ဝမ်အစိုးရကဒီဇင်ဘာ၁၇ရက်တွင်ပြောကြားလိုက်သည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းပိုင်းတွင်အဆင့်မြှင့်တင်ရေးလုပ်ဆောင်နေသည့်တရုတ်၏ရည် မှန်းချက်ကို ထိုင်ဝမ်ကသတိထားစောင့်ကြည့်နေပြီး တ ရုတ်က ချစ်ပ်နည်းပညာ ခိုးယူနေခြင်းကို တားဆီးရန် ဥပဒေများကိုတင်းကျပ်ထားသည်။

Apple Inc၏ အဓိကပစ္စည်းပေးသွင်းသူနှင့်iPhone ထုတ်လုပ်သူFoxconnက ရုန်းကန်နေရသော တရုတ်ချစ်ပ်လုပ်ငန်းစုTsinghua Unigroupတွင် ရင်းနှီးမြှုပ်မှု ထည့်ဝင်ထား ကြောင်းဇူလိုင်လတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ဒီဇင်ဘာ၁၆ရက်နှောင်းပိုင်းတွင်Foxconnကတိုင်ပေစတော့ကုန်စည်ဒိုင်သို့စာရင်းရှင်းတမ်းတင်သွင်းရာတွင်Tsinghua Unigroupရှိယင်း၏ရှယ်ယာအစုရှယ်ယာတစ်ခုလုံးကိုရောင်းချရန်ယင်း၏တရုတ်ကုမ္ပဏီခွဲကသဘောတူခဲ့ ကြောင်းFoxconnကပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံးကိုအတည်ပြုပေးသည့်ထိုင်ဝမ်ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကရင်းနှီးမြှုပ်နှံမှုနှင့်ပတ်

သက်၍ဒီဇင်ဘာ၁၈ရက်တွင်ပြည့်ပြည့်စုံစုံရှင်းပြရန်Foxconnကိုတောင်းဆိုခဲ့ကြောင်းထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်ကိုကြိုတင်အကြောင်းကြားခြင်းမရှိသည့်အတွက်ပမာဏကိုပုံသေနည်းနှင့်တွက်ချက်သွားမည်ဖြစ်သလိုပြစ်ဒဏ်ကိုဥပဒေနှင့်အညီချမှတ်သွားမည်ဖြစ်ကြောင်းဆိုသော်လည်းအသေးစိတ်ကိုမပြောကြားခဲ့ပေ။

ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီFoxconnကထိုင်ဝမ်အစိုးရထံမှခွင့်ပြုချက်မရယူခဲ့ကြောင်းနှင့်ကိုယ်ပိုင်အုပ်ချုပ်နေသည့်ထိုင်ဝမ်၏ဥပဒေအားချိုးဖောက်သည်ဟုအာဏာပိုင်များကယုံကြည်ထားကြောင်းအဆိုပါကိစ္စနှင့်နီးစပ်သူများ ယခင်ကရိုက်တာသို့ပြောကြားထားသည်။

Xingwei၏ရှယ်ယာ၉၉ရာခိုင်နှုန်းကိုပိုင်ဆိုင်ပြီးတရုတ်စတော့ကုန်စည်ဒိုင်တွင်စာရင်းဝင်ထားသည့်Foxconn Industrial Internet Co Ltd (FII) ကပိုင်ဆိုင်မှုများမှအနည်းဆုံးယွမ်၅ဒသမ၃၈ဘီလီယံ (ဒေါ်လာ၇၇၂သန်း) တန်ဖိုးရှိရှယ်ယာများကိုတရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့်YantaiHaixiuကိုရောင်းချရန်သဘောတူထားကြောင်းFoxconnက ပြောကြားခဲ့သည်။

လွှဲပြောင်းမှုပြီးမြောက်သွားပါကFoxconn Industrial Internet Co Ltd (FII) သည်Tsinghua Unigroupတွင်မည်သည့်ရှယ်ယာမှရှိတော့မည်မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly