လိဂ်ဖလား - ကွာတားဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်အသင်း လိဂ်ဝမ်း ချာလ်တန်နဲ့ ရင်ဆိုင်ရမည်

လိဂ်ဖလား - ကွာတားဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက်အသင်း လိဂ်ဝမ်း ချာလ်တန်နဲ့ ရင်ဆိုင်ရမည်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကာရာဘောင်ဖလား (လိဂ်ဖလား)ကွာတားဖိုင်နယ်မှာ လိဂ်ဝမ်းကလပ် ချာလ်တန် အက်သလက်တစ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။

ချာလ်တန်ဟာ ဗုဒ္ဓဟူးနေ့ စတုတ္ထအကျော့မှာ ဘရိုက်တန်ကို ပင်နယ်တီဖြင့် အနိုင်ရပြီးနောက် ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်အသင်းမဟုတ်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။

ချန်ပီယံရှစ်ကြိမ်ရ မန်စီးတီးဟာ လက်ရှိချန်ပီယံ လီဗာပူးလ်ကို ၃-၂ ဖြင့် ပြိုင်ပွဲက ထွက်စေပြီးနောက် ဆောက်သမ်တန်နဲ့ ကစားရမှာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ လက်စတာစီးတီးနဲ့ ရင်ဆိုင်ရချိန်မှာတော့ နော့သမ်တန်က ဝုဖ်ကို ဧည့်ခံရမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇန်နဝါရီ ၉ ရက်ကနေ စတင်ကာ တစ်ပတ်အတွင်း ကျင်းပမှာဖြစ်ပါတယ်။

ကွာတားဖိုင်နယ် မဲခွဲမှု အပြည့်အစုံ

မန်ချက်စတာယူနိုက်တက် v ချာလ်တန် အက်သလက်တစ်
ဆောက်သမ်တန် v မန်စီးတီး
နော့သမ်တန် v ဝုဖ်
နယူးကာဆယ် ယူနိုက်တက် v လက်စတာစီးတီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly