တရုတ်သမ္မတ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ စိတ်ပျက်ဖွယ်ကောင်းလောက်သည်အထိ မအောင်မြင်ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြ

တရုတ်သမ္မတ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ စိတ်ပျက်ဖွယ်ကောင်းလောက်သည်အထိ မအောင်မြင်ကြောင်း သတင်းတစ်ပုဒ်တွင် ဖော်ပြ

တရုတ်တွင် နေ့စဉ်မြင့်တက်နေသော ရောဂါဖြစ်ပွားမှုများကိုဖြေရှင်းရေးအတွက် ရုန်းကန်နေရချိန်တွင် တရုတ်သမ္မတရှီကျင့်ဖျင်၏အောင်မြင်ပုံမရသည့်ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒထက်ယနေ့တရုတ်လူ့အဖွဲ့အစည်းကိုကိုင်လှုပ်နိုင်သည့် တခြားအကြောင်းအရာမရှိကြောင်းColombo Gazette က ဖော်ပြလိုက်သည်။

တစ်နေ့လျှင်လူနာအသစ်၁,ဝဝဝကူးစက်နေခြင်းကြောင့်တရုတ်တွင်ကိုရိုနာဗိုင်းရပ်ကူးစက်မှုပြန်လည်မြင့်တက် လာသည့်အတွက်အစိုးရကယင်းမူဝါဒကိုချမှတ်ခဲ့သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည်နေရာအများပြားကိုထပ်ခါတလဲလဲပိတ်ဆို့ကန့်သတ်ခြင်းကြောင့်ကြောက်ရွံ့မှု၊ ဒေါသနှင့်ရှုပ်ထွေးမှုများဖြစ်ပေါ်စေခဲ့သည်။

မူဝါဒကြောင့်လက်ရှိအချိန်အထိမြို့ပေါင်း၃၁မြို့ပိတ်ဆို့ကန့်သတ်ခံထားရပြီးတရုတ်တွင်လူပေါင်း၂၃၂သန်းကျော်၏ဘဝများကိုထိခိုက်စေခဲ့သည်။

အစုလိုက်အပြုံလိုက်စမ်းသပ်မှု၊သီးသန့်ခွဲထားမှုများနှင့်ပိတ်ဆို့ကန့်သတ်မှုများဆက်လက်လုပ်ဆောင်နေသော ကြောင့်ပြည်သူများကစားဝတ်နေရေးအတွက်စိုးရိမ်နေကြသည်။

လူများစွာ၏ဝင်ငွေများသိသိသာသာကျဆင်းသွားခဲ့သလိုတချို့မှာအလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ပိတ်ဆို့ကန့်သတ်မှု များကြောင့်နိုင်ငံ၏စီးပွားရေးကိုထိခိုက်စေခဲ့သည်။

မကြာသေးမီကကောက်ယူခဲ့သောလစဉ်စစ်တမ်းများအရကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများသည် ၂၀၂၀ပြည့်နှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။

ကိုဗစ်ကန့်သတ်ချက်များကြောင့်တရုတ်ရှိဥရောပစီးပွားရေးလုပ်ငန်း၆၀ရာခိုင်နှုန်းခန့်က၂၀၂၂ခုနှစ်ဝင်ငွေခန့်မှန်းချက်များကိုလျော့ချခဲ့ကြောင်းဥရောပကုန်သည်ကြီးများအသင်းကပြောကြားခဲ့သည်။

အကြွေးများစွာတင်နေသောပြည်နယ်အစိုးရများကအစုလိုက်အပြုံလိုက်ကိုဗစ်စစ်ဆေးမှုအတွက်သုံးစွဲနေချိန်တွင်လူငယ်အလုပ်လက်မဲ့နှုန်းသည်စံချိန်တင်၂၀ရာခိုင်နှုန်းထိရောက်ရှိလာကြောင်းColombo Gazette ကဖော်ပြခဲ့သည်။

တရုတ်အစိုးရ၏ကိုဗစ်မူဝါဒကိုဆန့်ကျင်သည့်အနေဖြင့်လူများစွာသည်ကွမ်ကျိုးမြို့၏လမ်းမများပေါ်တွင်ထိုင်သပိတ်ဆင်နွှဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required