အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာသွားခြင်းက ပါကစ္စတန်တွင် TTP အဖွဲ့၏ လှုပ်ရှားမှုများကို အားကောင်းစေခဲ့

By The Print
22 December 2022
အာဖဂန်မှ အမေရိကန်တပ်များ ထွက်ခွာသွားခြင်းက ပါကစ္စတန်တွင် TTP အဖွဲ့၏ လှုပ်ရှားမှုများကို အားကောင်းစေခဲ့

အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့များ ယမန်နှစ်က ပြန်လည်ထွက်ခွာသွားခြင်းကြောင့် ပါကစ္စတန်တာလီဘန်ဟု သိကြသည့် တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့၏ လှုပ်ရှားမှုများကို အားကောင်းစေခဲ့ပြီး စစ်ဒဏ်သင့်အာဖဂန်တွင် အဆိုပါအဖွဲ့၏ အခြေပြုမှုက နဂိုမူလအတိုင်း ပြန်ရှိသွားကြောင်း ပါကစ္စတန်အစိုးရ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့က နိုင်ငံ၏ ဆိနိတ်အထက်လွှတ်တော် ပြည်ထဲရေးရာ အမြဲတမ်းကော်မတီကို ပြောသည်။

တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်ကာလအတွင်း အတော်အတန် အရှိန်ရလာခဲ့ပြီး ထိုအဖွဲ့၏ လှုပ်ရှားသည့် ဧရိယာနှင့် လှုပ်ရှားမှုများ၏ အတိုင်းအတာက ကြီးထွားလာခဲ့ကြောင်း The News International သတင်းစာက ဖော်ပြသည်။

“ဆွက်တောင်ကြားကို တီတီပီအဖွဲ့ ပြန်လာတဲ့အပေါ် ဒေသခံလူထုက အပြင်းအထန် ဆန့်ကျင် ကန့်ကွက် ခဲ့ခြင်းက အပေါင်းလက္ခဏာပြတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်လို့ မှတ်ချက်ပြုရမှာ ဖြစ်တယ်” ဟု ပါကစ္စတန်အစိုးရ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့က အထက်လွှတ်တော် ပြည်ထဲရေးရာ ကော်မတီထံ ရှင်းလင်းတင်ပြချက်ကို ကိုးကားပြီး ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လက တရားဝင်ကြေညာပြီး အစိုးရနှင့် သဘောတူထားခဲ့သည့် အပစ်ရပ်စဲရေးသဘောတူညီချက်ကို ပြီးခဲ့သည့်လက ပြန်လည်ရုပ်သိမ်းခဲ့သည်။

အဆိုပါအဖွဲ့ နိုဝင်ဘာ ၂၈ ရက်က အပစ်ရပ်စဲမှု သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းပြီးနောက် ပါကစ္စတန်၏ ခိုင်ဘာ ပက်ခ်တွန်ခဝါနှင့် ဘာလိုချီစတန်ပြည်နယ်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ ပေါ်ပေါက် လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required