တရုတ်က သတင်းအချက်အလက်စီးဆင်းမှုကို ဖိနှိပ်ရန် အင်တာနက်ဆင်ဆာဖြတ်တောက်မှုစည်းမျဉ်းများ ပြဋ္ဌာန်း

တရုတ်က သတင်းအချက်အလက်စီးဆင်းမှုကို ဖိနှိပ်ရန် အင်တာနက်ဆင်ဆာဖြတ်တောက်မှုစည်းမျဉ်းများ ပြဋ္ဌာန်း

တရုတ်ကွန်မြူနစ်ပါတီ (CCP) က ပါတီ၏ပုံရိပ်ကိုဆန့်ကျင်သော အကြောင်းအရာများကို ဆင်ဆာဖြတ်ရန် အင်တာနက်နှင့်ဆိုက်ဘာဥပဒေသစ်များပြဋ္ဌာန်းလိုက်မှုအပေါ် တရုတ်ပြည်သူများက မကျေမနပ်ဖြစ်နေကြသည်။

တရုတ်နိုင်ငံတွင် ယခုနှစ် နိုဝင်ဘာနှောင်းပိုင်းနှင့် ဒီဇင်ဘာလအစောပိုင်းများက ဆန္ဒပြပွဲကြီးများလည်း ပေါ်ပေါက်ခဲ့သည်။

တရုတ်ဆိုက်ဘာကြီးကြပ်ရေးအဖွဲ့က တရုတ်အစိုးရအတွက် ပြဿနာများဖြစ်စေမည့် အချက်အလက်များ သို့မဟုတ် ဓာတ်ပုံများကို တင်ခြင်းနှင့် ကူးယူသိမ်းဆည်းပေးသည့် အက်ပလီကေးရှင်းများကို အဆင့်မြှင့် တင်ခြင်းများ မလုပ်ရန် ဖုန်းနှင့်အက်ပ်ထုတ်လုပ်သူများအတွက် စည်းမျဉ်းများထုတ်ပြန်ခဲ့ကြောင်း ဩစတြီးယားနိုင်ငံ ဗီယင်နာအခြေစိုက် ပုဂ္ဂိလိကသတင်းအဖွဲ့အစည်းဖြစ်သည့် Voices Against Autocracy (VOA) ကဖော်ပြသည်။ အင်တာနက်ဆင်ဆာဖြတ်တောက်မှုသည် တရုတ်နိုင်ငံတွင် အသစ်အဆန်းမဟုတ်တော့ဘဲ ၂၀၀၀ ခုနှစ်ကတည်းက Great Firewall ဟုခေါ်သော တင်းကျပ်သောစည်းမျဉ်းများကို ပြဋ္ဌာန်းခဲ့သည်။

တရုတ်နိုင်ငံသားများက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် ပြင်းထန်သော အသွားအလာပိတ်ဆို့မှုများအပေါ် ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် တိုက်ရိုက်လွှင့်ထုတ်သည့် ပလက်ဖောင်းများနှင့်လူမှုမီဒီယာများကို သုံးကာ မကျေနပ်ချက်များအား အင်တာနက်ပေါ်သို့တင်ခဲ့ကြသည်။

ထို့ကြောင့် အစိုးရက ပို့စ်များစွာကို ဖယ်ရှားခဲ့ပြီး ဆန့်ကျင်သော လုပ်ရပ်များအတွက် လူများကို ဖမ်းဆီး အပြစ်ပေးခြင်းများ ပြုလုပ်ကြောင်း ဆောင်းပါးရှင် အန်ဒီမီရာက VOA တွင် ရေးသားထားသည်။

တရုတ်သည် အင်တာနက်ဆင်ဆာဖြတ်တောက်မှုအတွက် ထိုသို့သောစည်းမျဉ်းများကို အခါအားလျော်စွာ ထုတ်ပြန်တတ်ပြီး အစိုးရ၏စည်းမျဉ်းသစ်များကို လက်မခံသူနှင့်မလိုက်နာသူများအား အပြစ်ပေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly