ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း ဖီဖာအဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာသို့ တက်လှမ်း

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်း ဖီဖာအဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာသို့ တက်လှမ်း
Photo: EPA

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းဟာ ဖီဖာအဆင့်သတ်မှတ်ချက်မှာ ဒုတိယနေရာသို့ တက်လှမ်းလာခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ရောက် ဘရာဇီးလ်အသင်းကတော့ ထိပ်ဆုံးကနေ ရပ်တည်နေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကာတာမှာ ဆုဖလား ဆွတ်ခူးခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ အသင်းဟာ အဆင့်တစ်ဆင့်တက်ခဲ့ပြီး အလားတူပဲ ဒုတိယရ ပြင်သစ်အသင်းကလည်း အခုဆိုရင် တတိယနေရာမှာ ရပ်တည်ကာ ဘယ်လ်ဂျီယံကတော့ စတုတ္ထနေရာကို ကျဆင်းသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရဲ့ ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ အဆုံးအဖြတ်ပေးခဲ့ပြီး တကယ်လို့သာ မိနစ် ၉၀ အပြီး တစ်ဖက်အသင်း အနိုင်ရခဲ့ဆိုရင် ဖီဖာ စည်းမျဉ်းများအတိုင်း ဘရာဇီးလ်ကို ကျော်တက်သွားမှာဖြစ်ပါတယ်။

ခရိုအေးရှားဟာ ပြိုင်ပွဲမှာ တတိယရပြီးနောက် အဆင့် ၁၂ ကနေ အဆင့် ၇ ကို တက်ခဲ့ပြီး စတုတ္ထရ မော်ရိုကိုက အခု အဆင့် ၁၁ နေရာမှာရှိတာကြောင့် အာဖရိကအသင်းတစ်သင်းအတွက် အမြင့်ဆုံးမှာ ရပ်တည်ခဲ့တာပါ။

ဖီဖာအဆင့်သတ်မှတ်ချက် ထိပ်ဆုံး (၁၀)သင်း

၁။ ဘရာဇီးလ် ၁၈၄၀.၇၇ ရမှတ်
၂။. အာဂျင်တီးနား ၁၈၃၈.၃၈
၃။ ပြင်သစ် ၁၈၂၃.၃၉
၄။ ဘယ်လ်ဂျီယံ ၁၇၈၁.၃၀
၅။ အင်္ဂလန် ၁၇၇၄.၁၉
၆။ နယ်သာလန် ၁၇၄၀.၉၂
၇။ ခရိုအေးရှား ၁၇၂၇.၆၂
၈။ အီတလီ ၁၇၂၃.၅၆
၉။ ပေါ်တူဂီ ၁၇၀၂.၅၄
၁၀။ စပိန် ၁၆၉၂.၇၁

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly