အိန္ဒိယနှင့်တိုက်ပွဲများဖြစ်ပွားပြီးနောက် နယ်စပ်တွင်အခြေအနေတည်ငြိမ်ကြောင်း တရုတ်ပြောကြား

21 December 2022
အိန္ဒိယနှင့်တိုက်ပွဲများဖြစ်ပွားပြီးနောက် နယ်စပ်တွင်အခြေအနေတည်ငြိမ်ကြောင်း တရုတ်ပြောကြား

နှစ်နိုင်ငံတပ်ဖွဲ့များနယ်စပ်တွင်ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက်အိန္ဒိယနှင့်တရုတ်နယ်စပ်အခြေအနေများသည်ယေဘုယျအားဖြင့်တည်ငြိမ်ကြောင်းတရုတ်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူဝမ်ဝေဘင်းက ဒီဇင်ဘာ ၁၃ ရက်တွင်ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြထားသည်။

တာဝန်ဒေသရှိအစစ်အမှန်ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက်တွင်တရုတ်စစ်တပ်ကကျူးကျော်လာခဲ့ခြင်းကြောင့် အိန္ဒိယစစ်တပ်ကပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်းအိန္ဒိယစစ်တပ်ကကြေညာချက်ထုတ်ပြန်ပြီးနောက် တရုတ်၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုအတွင်းနှစ်ဖက်စစ်တပ်မှ စစ်သားများဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။

ဒီဇင်ဘာ၉ရက်ကအရန်နာချယ်ပရာဒေ့ရှ်ပြည်နယ်တာဝန်ဒေသတွင်တရုတ်တပ်ဖွဲ့ဝင်များနယ်မြေကျူးကျော်မှုကိုတားဆီးရင်းအိန္ဒိယတပ်ဖွဲ့ဝင်များသေဆုံးခြင်းသို့မဟုတ်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းမရှိကြောင်းအိန္ဒိယကာ ကွယ်ရေးဝန်ကြီးရာ့ဂျ်နက်ဆင်းက လွှတ်တော်တွင်ပြောကြားခဲ့သည်။

“ဒီထိပ်တိုက်တွေ့ဆုံမှုမှာနှစ်ဖက်စလုံးကစစ်သားအနည်းငယ်ဒဏ်ရာရခဲ့ပါတယ်။အိန္ဒိယစစ်သားတစ်ယောက်မှသေဆုံးတာဒါမှမဟုတ်ဒဏ်ရာကြီးကြီးမားမားမရရှိခဲ့ပါဘူးဆိုတာလွှတ်တော်မှာပြောပြချင်ပါတယ်။အိန္ဒိယစစ်တပ်တပ်မှူးတွေရဲ့အချိန်မီတိုက်ခိုက်နိုင်မှုကြောင့်PLA စစ်သားတွေက သူတို့ရဲ့မူလနေရာတွေကို ပြန်လည် ဆုတ်ခွာသွားခဲ့ရပါတယ်”

“ကျွန်တော်တို့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်၊သတ္တိနဲ့ကတိကဝတ်တွေကိုဒီလွှတ်တော်ကလေးစားလိမ့်မယ်လို့ယုံကြည်ပါတယ်”ဟုဆင်းကပြောကြားခဲ့သည်။

တရုတ်PLA တပ်ဖွဲ့ဝင်များအား အိန္ဒိယနယ်မြေကိုကျူးကျော်ခြင်းအား အိန္ဒိယစစ်တပ်ကသတ္တိရှိရှိ တားဆီးခဲ့ပြီး ယင်းတို့၏မူလနေရာများသို့ပြန်လည်ဆုတ်ခွာစေခဲ့ကြောင်းဆင်းကထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly