ပါကစ္စတန်တွင် ကြွေးမြီဝန်ထုပ်ဝန်ပိုးများ မြင့်တက်လာ

ပါကစ္စတန်တွင် ကြွေးမြီဝန်ထုပ်ဝန်ပိုးများ မြင့်တက်လာ

ပါကစ္စတန်နိုင်ငံတွင် ပြည်ပကြွေးမြီများနှင့် အတိုးများ ပြန်လည်ပေးဆပ်ရမည့် ဝန်ထုပ်ဝန်ပိုးများက တိုးလာလျက် ရှိသည်။

အဆိုပါနိုင်ငံတွင် အဓိကအားဖြင့် ယခင်ပေးစရာရှိသည့် ငွေများကို ပြန်လည်ပေးဆပ်ရန်နှင့် စာရင်းရှင် လိုငွေပြမှုကို ငွေကြေးထောက်ပံ့ရန် အပါအဝင် ကြွေးမြီများက ဆက်လက်စုပုံလာသည်။

ပါကစ္စတန်သည် နိုဝင်ဘာမှ အောက်တိုဘာလအထိ ၁၂ လအတွင်း ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ပြည်ပကြွေးမြီ အတိုးအရင်းကို ပြန်လည်ပေးဆပ်သွားရန် စီစဉ်ထားကြောင်း ပါကစ္စတန်ဗဟိုဘဏ် (SBP) ၏ ကိန်းဂဏန်းအချက်အလက်များကို ကိုးကားပြီး ရင်းနှီးမြှုပ်နှံမှု အကျိုးဆောင်ကုမ္ပဏီ Optimus Capital Management က ဖော်ပြသည်။

“ရှေ့လာမယ့် ၁၂ လမှာ ပြည်ပ ကြွေးမြီ အတိုးအရင်း ပေးဆပ်စရာပမာဏတွေက ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံ ရှိပါတယ်။ အဲဒီထဲမှာ ၂၀၂၂ ဒီဇင်ဘာနဲ့ ၂၀၂၃ ဇန်နဝါရီမှာ ပေးဆပ်ရမယ့် ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံလည်း ပါဝင်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီက ပြောသည်။

ပြီးခဲ့သည့် ၁၁ လအတွင်း ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေများက သီတင်းပတ် ၅ပတ်သာသာ သွင်းကုန် တင်သွင်းမှုများအတွက် ကျခံရန် လုံလောက်တော့သည့် ပမာဏအထိ ကြောက်ခမန်းလိလိ လျော့ကျခဲ့ပြီး ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံဖြင့် ရပ်တည်နေသည်။

ပြီးခဲ့သည့် လများအတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ထံမှ ချေးငွေအသစ်များ ရရှိခဲ့သော်လည်း ပါကစ္စတန်၏ နိုင်ငံခြားအရန်ငွေများက လျော့နည်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly