တရုတ်ချေးငွေကို ပြန်ဆပ်ရန် ဂျီဘူတီနိုင်ငံ ရုန်းကန်နေရပြီး အကြွေးပြန်ဆပ်ရန် ဆိုင်းငံ့ထား

တရုတ်ချေးငွေကို ပြန်ဆပ်ရန် ဂျီဘူတီနိုင်ငံ ရုန်းကန်နေရပြီး အကြွေးပြန်ဆပ်ရန် ဆိုင်းငံ့ထား

ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိသည့်တရုတ်၏ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း၏ အဓိကလမ်းကြောင်းတွင် ပါဝင်သော ဂျီဘူတီနိုင်ငံသည်ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ရုန်းကန်နေရပြီး အဓိကမြီရှင်ဖြစ်သည့် တရုတ်အား အကြွေးပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားကြောင်းEuropean Times သတင်းတွင်ဖော်ပြထားသည်။

ပင်လယ်နီနှင့်အေဒင်ပင်လယ်ကွေ့တို့ဆုံရာတွင်တည်ရှိသောနိုင်ငံငယ်တစ်ခုဖြစ်သည့်ဂျီဘူတီသည်၂၀၂၀ပြည့်နှစ်အကုန်အထိပြင်ပမြီရှင်များထံပြန်ဆပ်ရမည့်ကြွေးမြီစုစုပေါင်းအမေရိကန်ဒေါ်လာ၂ဒသမ၆၈ဘီလီယံရှိကြောင်း ကမ္ဘာ့ဘဏ်ကဖော်ပြခဲ့သည်။

တရုတ်ချေးငွေများပြန်ဆပ်ရန်ရုန်းကန်နေရသောအာဖရိကနိုင်ငံဖြစ်သည့်ဂျီဘူတီကြောင့်ဖွံ့ဖြိုးဆဲနိုင်ငံများကိုအ ကြွေးနွံနစ်စေသည့်တရုတ်ငွေကြေးထောက်ပံ့သည့်စီမံကိန်းများသည်ဝေဖန်ခံနေရသည်။

ဂျီဘူတီ၏အကြွေးပြန်ဆပ်ရမည့်ကြွေးမြီသည်၂၀၂၁ခုနှစ်တွင်ဒေါ်လာ၅၄သန်းရှိခဲ့ရာမှ၂၀၂၂ခုနှစ်တွင်ဒေါ်လာ၁၈၄သန်းအထိ၃ဆတိုးလာကြောင်းဂျီဘူတီဆိုင်ရာကမ္ဘာ့ဘဏ်၏နောက်ဆုံးအစီရင်ခံစာတွင်ဖော်ပြခဲ့သည်။၂၀၂၃ခုနှစ်တွင်ဒေါ်လာ၂၆၆သန်းအထိတိုးလာမည်ဟုခန့်မှန်းထားသည်။

ဂျီဘူတီ၏ပြင်ပကြွေးမြီပြန်ဆပ်မှုသိသိသာသာတိုးမြင့်လာမှုကိုသုံးသပ်ပြီးနောက်နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က၂၀၂၁ခုနှစ်နှောင်းပိုင်းတွင် ဂျီဘူတီ၏ကြွေးမြီသည် ရေရှည်တွင် ပြန်ဆပ်နိုင်ဖွယ်မရှိကြောင်း ကြေညာခဲ့သည်။

ဂျီဘူတီကိုရေရှည်တွင်ပြန်ဆပ်နိုင်ဖွယ်မရှိသည့်အကြွေးနွံထဲသို့တွန်းပို့ခြင်းအပြင်တရုတ်၏ဂျီဘူတီတွင်ရင်းနှီးမြှုပ်နှံမှုကိုလည်းစစ်ရေးချဲ့ထွင်မှုနှင့်မဟာဗျူဟာမြောက်ဒီဇိုင်းရေးဆွဲထားသည့်ထူးခြားသောဥပမာတစ်ခုအဖြစ်ရှုမြင်လျက်ရှိသည်။

တရုတ်က ဂျီဘူတီတွင် စီးပွားရေးနှင့်စစ်ရေးအကျိုးစီးပွားများစွာ ရှိနေသည်။

ယင်းအစီရင်ခံစာတွင်ဂျီဘူတီကဲ့သို့သောဖွံ့ဖြိုးဆဲနိုင်ငံများသည်အရေးကြီးသောအခြေခံအဆောက်အအုံများတည်ဆောက်ရေးအတွက်ဘဏ္ဍာငွေရရှိရန်မျှော်လင့်ချက်ဖြင့်တရုတ်အကူအညီကိုရယူခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထား သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required