ပါကစ္စတန်တွင် နိုဝင်ဘာလက အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူသေဆုံးမှု များပြားခဲ့

ပါကစ္စတန်တွင် နိုဝင်ဘာလက အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူသေဆုံးမှု များပြားခဲ့

ပါကစ္စတန်နိုင်ငံတစ်ဝန်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် လူသေဆုံး၊ ဒဏ်ရာရသူ အရေအတွက်သည် အောက်တိုဘာလကထက် ၃၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ထို့ပြင် အောက်တိုဘာလနှင့် ယှဉ်ပါက နိုဝင်ဘာလတွင် ယခင် ဖက်ဒရယ်က တိုက်ရိုက်အုပ်ချုပ်သော မျိုးနွယ်စု ဧရိယာများ (FATA) တွင် ထိုကဲ့သို့သော တိုက်ခိုက်မှုများကြောင့် သေဆုံး၊ ဒဏ်ရာရမှုများက ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်လက နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အရေအတွက်က အနည်းငယ် ကျဆင်းခဲ့ပြီး ဘာလိုချီစတန်ပြည်နယ်တွင် တိုက်ခိုက်မှုဖြစ်စဉ်အရေအတွက်က ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစ္စလမ်မာ ဘတ်အခြေစိုက် ပါကစ္စတန် ပဋိပက္ခနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှုဌာန (PICSS) က ထုတ်ပြန်သော အချက်အလက်များက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတစ်ဝန်း လုံခြုံရေးတပ်ဖွဲ့များ လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေး ၂၁ ခု အတွင်း သံသယရှိ စစ်သွေးကြွ ၃၄ ဦး သေဆုံးပြီး အခြား ၃၀ ဦးခန့်ကို ဖမ်းမိခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလနှင့် ယှဉ်ပါက နိုဝင်ဘာလအတွင်း နိုင်ငံတစ်ဝန်း စစ်သွေးကြွ တိုက်ခိုက်မှုအရေအတွက်က ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း PICSS ၏ အချက်အလက်များက ပြသနေသည်။

နိုဝင်ဘာလတွင် စစ်သွေးကြွများသည် တိုက်ခိုက်မှု ၃၄ ခု လုပ်ဆောင်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၇ ဦးနှင့် အရပ်သား ၂၅ ဦး အပါအဝင် လူ ၄၆ ဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly