တရုတ်ကုမ္ပဏီများထံ တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံ ၂ ရုံ ရောင်းချခြင်းကို ဂျာမနီ ပိတ်ပင်

တရုတ်ကုမ္ပဏီများထံ တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံ ၂ ရုံ ရောင်းချခြင်းကို ဂျာမနီ ပိတ်ပင်

တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံ ၂ ရုံကို တရုတ်သို့ ရောင်းချခြင်းအား တားမြစ်ခြင်းဖြင့် မဟာဗျူဟာအရ အရေးပါ သော ကုမ္ပဏီများကို သိမ်းပိုက်ခွင့်ပြုမည်မဟုတ်ကြောင်း ဂျာမနီက သဘောထားကို ဖော်ပြလိုက်သည်ဟု Geopolitica.Info က ရေးသားခဲ့သည်။

ဂျာမနီနှင့် ဥရောပသမဂ္ဂမှ လွှတ်တော်အမတ်များ၏ ဝေဖန်မှုများမှုကြားမှ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှိုးဇ်က နိုဝင်ဘာလတွင် တရုတ်သို့ သွားရောက်ခဲ့သော်လည်း ယင်းကဲ့သို့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။

တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းများနှင့် ယူကရိန်းစစ်ပွဲတွင် ရုရှားအား ထောက်ပံ့ပေးသည့်အတွက် ဂျာမနီ အပါအဝင် ဥရောပသမဂ္ဂခေါင်းဆောင်များက ပြစ်တင်ရှုတ်ချစဉ် ယင်းဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ် ကြောင်း Geopolitica.Infoက ဖော်ပြခဲ့သည်။

အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်သို့ သွားရောက်ခဲ့ခြင်းက ကျင့်ဝတ်ထက် စီးပွားရေးကို ဦးစားပေးခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့် ဂျာမနီ သံတမန်ဆက်ဆံရေးနှစ် ၅၀ ပြည့်ချိန်တွင် နှစ်နိုင်ငံစီးပွားရေး ဆက်ဆံမှု အားကောင်းစေရန် ဝန်ကြီးချုပ် အိုလက်ဖ်က တရုတ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် အိုလက်ဖ်က တရုတ်သို့ သွားရောက်ခဲ့သော်လည်း ဂျာမနီက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကိုးကား၍ တရုတ်ကုမ္ပဏီများထံ တစ်ပိုင်းလျှပ်ကူးပစ္စည်း စက်ရုံ ၂ ရုံ ရောင်းချခြင်းကို ပိတ်ပင်ခဲ့သည်။

ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒကို လက်မခံဘဲနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုက ပြည်သူများအတွက် အကျိုး ကျေးဇူး များစေမည်ဟူသော ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ဂျာမနီက ယင်းကဲ့သို့ ဆုံးဖြတ်လိုက် ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly