တရားမဝင်ငါးဖမ်းမှုကြောင့် တရုတ်ကုမ္ပဏီများကို အမေရိကန်ပိတ်ဆို့အရေးယူ

တရားမဝင်ငါးဖမ်းမှုကြောင့် တရုတ်ကုမ္ပဏီများကို အမေရိကန်ပိတ်ဆို့အရေးယူ

တရုတ်တွင်အခြေစိုက်ပြီးတရားမဝင်ကမ်းဝေးငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေကာအခွင့်အရေးချိုးဖောက်နေသည့်ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်သည်။

တရုတ်နိုင်ငံသားလီကျန်းယုနှင့်ကျူရှင်ရုန့်၊Dalian Ocean Fishing Company နှင့်Pingtan Marine Enterprise အပါအဝင် ယင်းတို့နှင့်ဆက်စပ်နေသော လုပ်ငန်း၁၀ခုကို ပစ်မှတ်ထားပိတ်ဆို့ထားကြောင်း ဒီဇင်ဘာ၉ရက်တွင် အမေရိကန်ဘဏ္ဍာရေးဌာနက ပြောကြားခဲ့သည်။

ဆိုးရွားသောလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အဓမ္မလုပ်အားပေးစေခိုင်းမှုများကြောင့်ပိတ်ဆို့ခံရသည့်အဖွဲ့ အစည်းများနှင့်ဆက်စပ်သောတရုတ်သင်္ဘော၁၅၇စင်းကိုလည်းဌာနကဖော်ထုတ်တွေ့ရှိခဲ့သည်။

“လူ့အခွင့်အရေးချိုးဖောက်မှု၊အခြေခံအလုပ်သမားအခွင့်အရေးအားနည်းမှုနဲ့သဘာဝပတ်ဝန်းကျင်စံနှုန်းတွေကိုထိခိုက်စေပြီးအင်ဒို-ပစိဖိတ်ဒေသတွင်းကဒေသခံတွေရဲ့စီးပွားရေးအလားအလာတွေကိုထိခိုက်စေတဲ့ဒီနေ့ဒဏ်ခတ် ပိတ်ဆို့ခံရသူတွေရဲ့လုပ်ရပ်တွေကိုရှုတ်ချပါတယ်”ဟုဘဏ္ဍာရေးဌာနမှတာဝန်ရှိသူအီးနယ်လ်ဆင်ကကြေညာချက်တွင်ပြောကြားထားသည်။

နိုင်ငံတကာရေပိုင်နက်သို့မဟုတ်အခြားနိုင်ငံများ၏ရေပိုင်နက်အတွင်းနှင့်ရေမိုင်၂၀ဝ (၃၀ဝကီလိုမီတာ) သီးသန့်စီးပွားရေးဇုန် (EEV) အပြင်ဘက်တွင် ငါးဖမ်းသည့်“ကမ်းဝေးငါးဖမ်း”ကဲ့သို့သော လုပ်ရပ်များအတွက်တရုတ်သည်ဝေဖန်ခံနေရသည်။

ကမ္ဘာတွင်အကြီးဆုံးကမ်းဝေးငါးဖမ်းသင်္ဘောများတရုတ်တွင်ရှိသည်။

ကုမ္ပဏီ၏ဝန်ထမ်းများသည်တစ်နေ့လျှင်ပျမ်းမျှ၁၈နာရီလုပ်ကိုင်ကြရပြီးသက်တမ်းလွန်အစားအစာနှင့်ညစ်ညမ်း သောရေများကို သောက်သုံးနေရကြောင်း ကြေညာချက်ကဆိုသည်။

Dalian Ocean Fishing Company နှင့်Pingtan Marine Enterprise တို့သည် တရားမဝင်ငါးမန်းရှာဖွေရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည်ဟုလည်း အမေရိကန်ကစွပ်စွဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required