တရုတ်သို့ ချစ်ပ်ထုတ်လုပ်သည့် စက်ပစ္စည်းများ ရောင်းချမှုအပေါ် တားမြစ်ချက်အသစ်ထုတ်ပြန်ရန် နယ်သာလန်စီစဉ်နေကြောင်း Bloomberg သတင်းဌာနဖော်ပြ

တရုတ်သို့ ချစ်ပ်ထုတ်လုပ်သည့် စက်ပစ္စည်းများ ရောင်းချမှုအပေါ် တားမြစ်ချက်အသစ်ထုတ်ပြန်ရန် နယ်သာလန်စီစဉ်နေကြောင်း Bloomberg သတင်းဌာနဖော်ပြ

တရုတ်သို့ ချစ်ပ်ထုတ်လုပ်သည့် စက်ကိရိယာများ တင်ပို့မှု ထိန်းချုပ်ရန် နယ်သာလန်က စီစဉ်နေပြီး ယင်းအစီအစဉ်ကို ဇန်နဝါရီလတွင် ကြေညာနိုင်ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူအချို့ကို ကိုးကား၍ Bloomberg သတင်းက ဒီဇင်ဘာ ၈ရက်က ဖော်ပြလိုက်သည်။

ဒတ်ချ်ကုမ္ပဏီ ASML Holdings NV သည် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးသည့် ကမ္ဘာထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၂၁ခုနှစ်က တရုတ်ဖောက်သည်များအား ယူရို ၂ ဘီလီယံ (ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ) ကျော်ဖိုး ရောင်းချခဲ့သည်။

စက်များအား စစ်ဘက်နှင့် အရပ်ဘက် နှစ်သွယ်အသုံးပြုနိုင်ခြင်းကြောင့် နယ်သာလန်အစိုးရသည် ယင်းအဆင့် မြင့်စက်များကို တရုတ်သို့ တင်ပို့ရန် ASML လိုင်စင်များကို ၂၀၁၈ခုနှစ်မှ စတင်၍ ပိတ်ပင်ခဲ့သည်။

တရုတ်သို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းများရောင်းချမှုနှင့် ပတ်သက်ပြီး ပို့ကုန်ကန့်သတ်ချက်အသစ်များ ချမှတ်ရေး အတွက် နယ်သာလန်အစိုးရက အမေရိကန်နှင့် ဆွေးနွေးနေသည်ဟု ဒတ်ချ်ကုန်သွယ်ရေးဝန်ကြီး လဲဂျီးက နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။

တရုတ်သို့ ASML ၏ ရောင်းချမှုနှင့် ပတ်သက်ပြီး ကန့်သတ်ချက်အသစ်သည် မည်ကဲ့သက်ရောက်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းနှင့် ဇန်နဝါရီလတွင် သဘောတူညီချက်တစ်ခု ထွက်ပေါ်လာနိုင်သည်ဟု Bloomberg ဆိုသည်။

ASML ရှယ်ယာများသည် ၀ ဒသမ ၂ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ယူရို ၅၆၃ သို့ ကျဆင်းခဲ့သည်။

ဂျာမနီနှင့် ဘယ်လ်ဂျီယံပြီးနောက် တရုတ်သည် နယ်သာလန်၏ တတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ကြောင်း ဒတ်ချ်စာရင်းအင်းရုံးက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly