ဆော်ဒီပင်လယ်ကွေ့နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတက ရေနံနှင့် ယွမ်ငွေ ကုန်သွယ်မှု ပြုလုပ်ရန် တောင်းဆို

ဆော်ဒီပင်လယ်ကွေ့နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် တရုတ်သမ္မတက ရေနံနှင့် ယွမ်ငွေ ကုန်သွယ်မှု ပြုလုပ်ရန် တောင်းဆို

ကမ္ဘာ့ကုန်သွယ်ရေးတွင် ဒေါ်လာ၏ အရေးပါမှုကို အားနည်းစေပြီး ယွမ်ကို နိုင်ငံတကာသုံးငွေကြေးဖြစ်စေရေး အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ယွမ်ငွေဖြင့် ဝယ်ယူရေးကို တရုတ်က လုပ်ဆောင်နေကြောင်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ပင်လယ်ကွေ့အာရပ်နိုင်ငံများကို ပြောကြားခဲ့သည်။

အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်က ဆော်ဒီအာရေဗျတွင် တရုတ်ခေါင်းဆောင်နှင့် အာရပ် ထိပ်သီးအစည်းအဝေးပွဲ နှစ်ခုကျင်းပခဲ့ပြီး အနောက်နိုင်ငံများနှင့် နီးကပ်သော သမိုင်းဝင် မိတ်ဖက်ဆက် ဆံရေးကို ကျော်လွန်ပြီး သြဇာကြီးမားသော မင်းသား၏ ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်ကြောင်းပြသခဲ့သည်။

အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့သည် လူ့အခွင့်အရေး၊ စွမ်းအင်မူဝါ၊ ရုရှားနှင့် ပတ်သက်ပြီး ဆက်ဆံ ရေးတင်းမာနေရချိန်တွင် ထိပ်တန်းရေနံတင်ပို့သည့် ဆော်ဒီအာရေးဗီးယားနှင့် စီးပွားရေးအင်အားကြီး တရုတ်တို့က ရှီ၏ခရီးစဉ်အတွင်း ဝင်ရောက်မစွက်ဖက်ရေးအတွက် ပြင်းထန်စွာသတိပေးခဲ့သည်။

တရုတ်က ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းဝယ်ဖောက်ကားမှုတွင် ယွမ်ငွေပြုလုပ်နိုင်ရေးအတွက် ရှန်ဟိုင်း ရေနံနှင့် အမျိုးသားသဘာဝဓာတ်ငွေ့ကုန်စည်ဒိုင်ကို အပြည့်အဝအသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန် ဒေါ်လာအစား ယွမ်ငွေဖြင့် ကုန်သွယ်မှုပြုလုပ်ရန် တရုတ်က စည်းရုံးနေသည်။

ပင်လယ်ကွေ့အာရပ်နိုင်ငံများမှ ရေနံအမြောက်အမြား ဆက်လက်တင်သွင်းနေပြီး သဘာဝဓာတ်ငွေ့ရည်ကို ပိုမို တင်သွင်းသွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့ပြီး ယင်းနိုင်ငံများသည် အစောပိုင်းအဆင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်မည့် သဘာဝမိတ်ဖက်များဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန်ငွေကြေသက်သေခံလက်မှတ်များ ဒေါ်လာ ဘီလီယံ ၁၂၀ ကျော် အပါအဝင် ဆော်ဒီအာရေး ဗီးယား ၏ ပိုင်ဆိုင်မှုနှင့် အရန်ငွေအများစုသည် ဒေါ်လာနှင့် ဖြစ်ပြီး အခြားသော ပင်လယ်ကွေ့နိုင်ငံများ၏ ငွေကြေးများ ကဲ့သို့ ဆော်ဒီရီရယ်ငွေကို ဒေါ်လာနှင့် ချိတ်ဆက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required