ပြည်ပကြွေးမြီများနှင့် ကြွေးဟောင်းများကို ပြန်ဆပ်ရန် ပါကစ္စတန် စီစဉ်

ပြည်ပကြွေးမြီများနှင့် ကြွေးဟောင်းများကို ပြန်ဆပ်ရန် ပါကစ္စတန် စီစဉ်

ပါကစ္စတန်အစိုးရသည် ၁၂ လအတွင်း ပြည်ပကြွေးမြီများနှင့် ယခင်ပေးစရာရှိသည့် ကြွေးကျန်များကို ပြန်လည်ပေးဆပ်ရန် စီစဉ်ထားသည်။

ပါကစ္စတန်သည် ၁၂ လ (နိုဝင်ဘာမှ အောက်တိုဘာအထိ) အတွင်း အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ကြွေးမြီ အတိုးအရင်း ပေးဆပ်ရမည့် ငွေပမာဏများကို တာဝန်ယူသွားရန်နှင့် ပြည်ပကြွေးမြီများကို ပေးဆပ်ရန် စီစဉ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီ Optimus Capital Management ကို ကိုးကားပြီး The Express Tribune က ဖော်ပြသည်။

“ရှေ့ ၁၂ လမှာ ပြည်ပ ကြွေးမြီ အရင်း၊ အတိုး ပေးဆပ်စရာပမာဏတွေက ဒေါ်လာ ၂၆ ဒသမ ၃ ဘီလီယံ ရှိပါ တယ်။ အဲဒီထဲမှာ ၂၀၂၂ ဒီဇင်ဘာနဲ့ ၂၀၂၃ ဇန်နဝါရီမှာ ပေးဆပ်ရမယ့် ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံလည်း ပါဝင် ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကျိုးဆောင်ကုမ္ပဏီက ပြောသည်။

ပြီးခဲ့သည့် ၁၁ လအတွင်း ပါကစ္စတန်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေများသည် စိုးရိမ်စရာကောင်းသည့် ပမာဏများအထိ လျော့ကျခဲ့သည်။

မကြာသေးသော လများအတွင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ထံမှ ချေးငွေအသစ်များ စီးဝင်ခဲ့သော်လည်း ပါကစ္စတန်၏ နိုင်ငံခြားအရန်ငွေများက လျော့နည်းနေသည်။

ဆက်လက်မြင့်တက်နေသော ကြွေးမြီ ပြန်ပေးဆပ်ရမည့် ပမာဏနှင့် လျော့နည်းလာနေသော နိုင်ငံခြား အရန်ငွေများအကြား ကွာဟချက် ကြီးမားလာခြင်းက နိုင်ငံကို မရေမရာ အခြေအနေတစ်ခုအောက် ကျရောက် စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required