အမေရိကန်က တရုတ်ကုမ္ပဏီ ၃၀ ကျော်ကို ကုန်သွယ်ရေးကဏ္ဍ အမည်ပျက်စာရင်းသွင်းမည်

အမေရိကန်က တရုတ်ကုမ္ပဏီ ၃၀ ကျော်ကို ကုန်သွယ်ရေးကဏ္ဍ အမည်ပျက်စာရင်းသွင်းမည်

အမေရိကန်ထုတ်ပစ္စည်းတချို့အား ဝယ်ယူမှုကို ကန့်သတ်မည့် ကုန်သွယ်မှုအမည်ပျက်စာရင်းတွင် တရုတ်ချစ်ပ်ပြားထုတ်လုပ်သူ Yangtze Memory Technologies (YMTC) နှင့် တခြား တရုတ်ကုမ္ပဏီ ၃၅ ခုကို ထည့်သွင်းရန် ဂျိုးဘိုင်ဒင်အစိုးရက စီစဉ်ထားသည်ဟု Bloomberg News တွင် ဒီဇင်ဘာ ၁၃ ရက်က ဖော်ပြသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနသည် ယခုသီတင်းပတ်အစောပိုင်းတွင် တရုတ်ကုမ္ပဏီများကို အမည်ပျက်စာရင်းတွင် ထည့်သွင်းလိမ့်မည်ဟု အဆိုပါကိစ္စနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကုမ္ပဏီတစ်ခုသည် အမည်ပျက်စာရင်းအသွင်းခံလိုက်ရပါက အမေရိကန်မှထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများသည် အဆိုပါကုမ္ပဏီများသို့ နည်းပညာနိမ့်ပစ္စည်းများတင်ပို့မှုအတွက်ပင် အထူးလိုင်စင်လျှောက်ကြရမည်ဖြစ်သည်။

တရုတ် ချစ်ပ်ပြားကုမ္ပဏီ YMTC က မှတ်ချက်ပြုရန် ငြင်းဆိုသလို အမေရိကန်ကုန်သွယ်ရေးဌာနကလည်း Reuters ၏ မေးမြန်းချက်ကို ချက်ချင်းမတုံ့ပြန်ခဲ့ပေ။

တရုတ်ကုမ္ပဏီ YMTC အပါအဝင် အခြားတရုတ်အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာသည် အစောဆုံး ဒီဇင်ဘာ ၆ ရက်တွင် ကုန်သွယ်မှုအမည်ပျက်စာရင်းသို့ ထည့်သွင်းခံရဖွယ်ရှိကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနမှ အရာရှိတစ်ဦးက ပြီးခဲ့သောလတွင် ပြောကြားခဲ့သည်။

အမေရိကန်တာဝန်ရှိသူများသည် YMTC အပါအဝင် ကုမ္ပဏီ ၃၁ ခုကို မစစ်ဆေးနိုင်သည့် ကုမ္ပဏီစာရင်းတွင် အောက်တိုဘာ ၃၁ ရက်က ထည့်သွင်းလိုက်ပြီးနောက် တရုတ်နှင့် တင်းမာမှုမြင့်တက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required