တရုတ်နိုင်ငံတွင် ရောဂါလက္ခဏာမပြသော လူအများအပြားသည် ကိုဗစ်စမ်းသပ်မှုတွင် မပါဝင်ကြတော့သဖြင့် ကူးစက်သူစုစုပေါင်းကို အတိအကျရေတွက်ရန် ခက်ခဲနေသောကြောင့် နိုင်ငံကျန်းမာရေးကော်မရှင် (NHC) ကလည်း ဒီဇင်ဘာ ၁၄ ရက်မှစ၍ ရောဂါလက္ခဏာမပြသော ကိုဗစ်-၁၉ ကူးစက်မှုအသစ်များကို သတင်းထုတ်ပြန်ခြင်းမပြုလုပ်တော့ပေ။
ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၁၃ ရက်တွင် ရောဂါလက္ခဏာပြသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ၂၉၁ ဦးရှိကြောင်း ပြောသည်။
တရုတ်နိုင်ငံတွင် ရောဂါလက္ခဏာ ပြသူနှင့်မပြသူတို့ကို သီးခြားစီရေတွက်ပြီး ဒီဇင်ဘာ ၁၂ ရက်က ရောဂါလက္ခဏာပြသူ ၂ ၃၁၅ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၅ ၃၆၄ ဦးတွေ့ရှိခဲ့သည်။
ပြည်ပမှဝင်ရောက်လာသည့် ကူးစက်မှုများကို ထည့်မထွက်ပါက ဒေသတွင်းကူးစက်သူ၂ ၂၄၉ ဦး ရှိသည်။
ရှေ့တစ်ရက်ကကဲ့သို့ပင် ကိုဗစ်ကြောင့် သေဆုံးမရှိခဲ့ဘဲ သေဆုံးသူအရေအတွက်မှာ ယခင်စာရင်းအတိုင်း ၅ ၂၃၅ ဦးပင်ဖြစ်သည်။
တရုတ်ပြည်မကြီးတွင် ဒီဇင်ဘာ ၁၃ ရက်အထိ ရောဂါလက္ခဏာပြသော အတည်ပြုလူနာပေါင်း ၃၆၉ ၉၁၈ ဦးရှိသည်။
ပေကျင်းမြို့တစ်မြို့တည်းတွင် ဒီဇင်ဘာ ၁၃ ရက်က အတည်ပြုလူနာပေါင်း ၄၇၆ ဦးရှိကြောင်း NHC ကသတင်းထုတ်ပြန်ခဲ့သည်။