ပါကစ္စတန်တွင် အစိုးရသစ်လက်ထက် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာမှုအပေါ် PTI ပါတီခေါင်းဆောင် ဝေဖန်

By The Daily Hunt
12 December 2022
ပါကစ္စတန်တွင် အစိုးရသစ်လက်ထက် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာမှုအပေါ် PTI ပါတီခေါင်းဆောင် ဝေဖန်

ပါကစ္စတန်၏ တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ဒုဥက္ကဋ္ဌ ဖာဝက်ဒ် ချောက်ဟ်ရီက ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော လက်ရှိညွန့်ပေါင်းအစိုးရကို ဒီဇင်ဘာ ၁ ရက်က ပြင်းထန်စွာ ဝေဖန်လိုက်ပြီး နိုင်ငံတွင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှု ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ပြောသည်။

ဘာလိုချီစတန်ပြည်နယ် ကွက်တာမြို့အနီးတွင် နိုဝင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သော အသေခံတိုက်ခိုက်မှုအတွင်း အဖိုးတန်လူ့အသက်များ ဆုံးရှုံးခဲ့ရမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်းနှင့် နိုင်ငံတွင် စွမ်းဆောင်ရည်ကောင်းသော PTI အစိုးရကို ဖြုတ်ချပြီး ပြည်ပမှ တင်သွင်းလာသည့် အရည်အချင်းမပြည့်မီသော အစိုးရဖြင့် အစားထိုးသည့် အစိုးရအပြောင်းအလဲတစ်ရပ် ပေါ်ပေါက်ခဲ့ကြောင်း ဖာဝက်ဒ်က ပြောသည်။

တီရစ်-အီ-တာလီဘန် (TTP) အဖွဲ့သည် အစိုးရနှင့် ဇွန်လက သဘောတူထားသည့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ဖျက်သိမ်းကာ နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အဖွဲ့သားများကို ညွှန်ကြားထားသည်။

အစ္စလာမ္မစ်အဖွဲ့၏ အကြမ်းဖက်မှုလှုပ်ရှားမှုများသည် မကြာသေးမီလများအတွင်း အရှိန်မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်လက ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ် လက်ကီမာဝတ်ခရိုင်အတွင်း တိုက်ခိုက်မှု၌ ရဲ ၆ ဦးထက်မနည်း သေဆုံးခဲ့သည်။

တီရစ်-အီ-တာလီဘန်အဖွဲ့သည် အသိပေးပြီး ၄၈ နာရီအတွင်း ကွက်တာမြို့၌ အသေခံတိုက်ခိုက်မှုတစ်ရပ်ကို လည်း လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required