နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုအတွင်း ပါကစ္စတန်နိုင်ငံသား ၆ ဦးနှင့် အာဖဂန်စစ်သား ၁ ဦး သေဆုံး

By The Print
15 December 2022
နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုအတွင်း ပါကစ္စတန်နိုင်ငံသား ၆ ဦးနှင့် အာဖဂန်စစ်သား ၁ ဦး သေဆုံး

ပါကစ္စတန်-အာဖဂန်နစ္စတန် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့၍ ပါကစ္စတန်အရပ်သား ၆ ဦးနှင့် အာဖဂန်စစ်သား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း နယ်စပ်၏ နှစ်ဖက်စလုံးရှိ တာဝန်ရှိသူများက ပြောသည်။

အာဖဂန်နယ်ခြားစောင့်တပ်ဖွဲ့များသည် ချာမန်း နယ်စပ်ဖြတ်ကျော်နေရာရှိ အရပ်သားပြည်သူများ နေထိုင်သည့် နေရာကို အမြှောက်/ မော်တာ အပါအဝင် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ မဆင်မခြင် ပစ်ခတ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောသည်။

ချာမန်းနယ်စပ်ဖြတ်ကျော်နေရာသည် ပါကစ္စတန်၏ အနောက်ပိုင်း ဘာလိုချီစတန်ပြည်နယ်နှင့် အာဖဂန် နစ္စတန်တောင်ပိုင်း ကန်ဒါဟာပြည်နယ်တို့ကို ဆက်သွယ်ထားသည့် နယ်စပ်ဖြစ်သည်။

အာဖဂန်ဘက်မှ ပစ်ခတ်မှုကြောင့် ပါကစ္စတန်ဘက်ခြမ်းတွင် အရပ်သား ၆ ဦး သေဆုံးပြီး အခြား ၁၇ ဦး ထိခိုက်ဒဏ်ရာရကြောင်းနှင့် ပါကစ္စတန်တပ်ဖွဲ့များက ပြန်လည်တုံ့ပြန်ပစ်ခတ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ထုတ်ပြန်သည်။

ယခုဖြစ်စဉ်တွင် ကံမကောင်းစွာဖြင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ဖြစ်စဉ်အပေါ် အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly