စီရော်နယ်ဒိုကဲ့သို့ဖြစ်လာနိုင်သည့် အရည်အချင်းများကို မာရှယ်ထံတွင်တွေ့နေရဟု ဆာဟာပြော

စီရော်နယ်ဒိုကဲ့သို့ဖြစ်လာနိုင်သည့် အရည်အချင်းများကို မာရှယ်ထံတွင်တွေ့နေရဟု ဆာဟာပြော

မတ် ၈၊ မန်ချက်စတာ ။            ။ ပြင်သစ်တစ်နိုင်ငံတည်းသားဖြစ်သူ မာရှယ်ထံတွင် စီရော်နယ်ဒိုကဲ့သို့ဖြစ်လာနိုင်သည့် အရည်အချင်းများရှိနေပြီး မန်ချက်စတာယူနိုက်တက်၌ စီရော်နယ်ဒိုကဲ့သို့ အောင်မြင်အောင်လုပ်နိုင်လိမ့်မည်ဟု လူးဝစ်ဆာဟာက ယုံကြည်နေသည်။

မာရှယ်သည် ၂၀၁၅ တွင် မိုနာကိုမှ မန်ယူသို့ သတင်းများဖော်ပြချက်အရ ဆယ်ကျော်သက်တစ်ဦးအတွက်များလွန်းသော ပေါင် ၃၆ သန်းဖြင့်ပြောင်းလာခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် အထိုင်ကျပြီးခြေစွမ်းပြလျှက်ရှိသည်။

ပြင်သစ်လက်ရွေးစင်ကစားသမားသည် တစ်ခါတရံတွင် နည်းပြဗန်ဟားလ်အကြိုက်မဖြစ်သော်လည်း ပွဲဦးထွက်ရာသီ၌ ယူနိုက်တက်အတွက် ၁၀ ဂိုးသွင်းယူထားသည်။

မာရှယ်သည် ဖာဂူဆန်လက်ထက်က အသက် ၁၈ နှစ်အရွယ်ဖြင့် မန်ယူသို့ရောက်လာသည့် စီရော်နယ်ဒိုကဲ့သို့ အသင်းအပေါ်တူညီသော အကျိုးပြုနိုင်သူအဖြစ် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဆာဟာက ရှုမြင်နေသည်။

"ယူနိုက်တက်မှာ စီရော်နယ်ဒိုလုပ်နိုင်ခဲ့သလို မာရှယ်လည်းလုပ်နိုင်စွမ်းရှိဖို့ မျှော်လင့်ပါတယ်။ အသက် ၁၈ နှစ်အရွယ်မှာ စီရော်နယ်ဒိုရောက် လာတုန်းက ဘောလုံးပေးကစားတဲ့အပိုင်းမှာ ပြောစရာ နည်းနည်းရှိခဲ့တယ်။ သူအဲဒါကို အချိန်ပေးပြီးသင်ယူခဲ့တယ်။

နည်းပြရဲ့သွန်သင်မှုနဲ့ အံ့မခန်းကစားသမားတစ်ဦးဖြစ်လာတယ်။ အလားတူပဲ မာရှယ်လဲအဲဒီလိုဖြစ်လာဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ မာရှယ်မှာအရည်အချင်း၊ ခွန်အား၊ ကျွမ်းကျင်မှုနဲ့ သင်ယူလိုစိတ်အပြည့်ရှိတယ်"ဟု ဆာဟာက ဆိုသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly