တောင်တရုတ်ပင်လယ် ကြီးစိုးရေးအတွက်အာဆီယံ၏ ပံ့ပိုးကူညီမှုကို ရယူရန်တရုတ်ကြိုးပမ်းနေ

တောင်တရုတ်ပင်လယ် ကြီးစိုးရေးအတွက်အာဆီယံ၏ ပံ့ပိုးကူညီမှုကို ရယူရန်တရုတ်ကြိုးပမ်းနေ

တောင်တရုတ်ပင်လယ်ကိုထိန်းချုပ်ရန်နှင့်ဒေသတွင်းတွင်ဆက်လက်သြဇာလွှမ်းမိုးရေးအတွက်အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံများ၏ပံ့ပိုးကူညီမှုများရရှိရန်တရုတ်ကကြိုးပမ်းနေကြောင်းThe Singapore Post သတင်းတွင်ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်အတွင်းငြိမ်းချမ်းတည်ငြိမ်ရေး၊ဒေသတွင်းစည်းလုံးညီညွတ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးသည်မလွဲမသေလိုအပ်ကြောင်းတရုတ်အစိုးရပိုင်The People's Daily ကဖော်ပြခဲ့သည်။

ပြင်ပအင်အားစုများသည်ဒေသအတွင်းတင်းမာမှုနှင့်ပဋိပက္ခများကိုတမင်ဖန်တီးပြီးပထဝီနိုင်ငံရေးကစားနေခြင်းကအချည်းနှီးဖြစ်ကြောင်းဆိုခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံဖန်းမြို့တွင်ကျင်းပသည့်၂၅ကြိမ်မြောက်အာဆီယံအစည်းအဝေးအပြီးတွင်တင်ပြသည့်စာတမ်းတွင်တောင်တရုတ်ပင်လယ်ရှိနိုင်ငံများကျင့်ဝတ်ဆိုင်ရာကြေညာစာတမ်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ်ကမ္ဘောဒီးယားကပြင်ပဝင်ရောက်စွက်ဖက်မှုကိုဖယ်ရှားရန်နှင့်တောင်တရုတ်ပင်လယ်အတွင်းတည်ငြိမ်မှုကိုထိန်းသိမ်းရေးအတွက်တရုတ်၊အာဆီယံနိုင်ငံများနှင့်အတူကမ္ဘောဒီးယားကထပ်တူလိုလားကြောင်းဆိုခဲ့သည်။

ဉာဏ်ပညာနှင့်ဒေသတွင်းပြဿနာအားလုံးကိုကိုင်တွယ်ဖြေရှင်းနိုင်စွမ်းအပေါ်ယုံကြည်မှုအပြည့်ရှိကြောင်းဆိုခဲ့သည်။

“ဆက်စပ်နိုင်ငံများကသမိုင်းကြောင်းအချက်အလက်များနှင့်နိုင်ငံတကာဥပဒေများကိုလေးစားလိုက်နာပြီးစေ့စပ်ညှိနှိုင်းများနှင့်တောင်တရုတ်ပင်လယ်အငြင်းပွားမှုကိုဖြေရှင်းသင့်သည်”ဟူသောတရုတ်ကွန်မြူနစ်ပါတီ၏ သဘောထားကို ယင်းတို့က ထောက်ခံကြောင်းဖော်ပြနေသည်ဟုThe Singapore Post သတင်းတွင်ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်ဒေသသည်ဒေသတွင်းမဟုတ်သည့်နိုင်ငံများ၏သြဇာလွှမ်းမိုးရေးအတွက်ဆာဖာရီပန်းခြံမဟုတ်ကြောင်းစာတမ်းကထပ်မံဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly