အစိုးရဌာနများက TikTok နှင့် တရုတ်၊ ရုရှားတို့တွင် ထုတ်လုပ်သည့် ပစ္စည်းများကို အသုံးမပြုရန် မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး တားမြစ်

By Just The News
13 December 2022
အစိုးရဌာနများက TikTok နှင့် တရုတ်၊ ရုရှားတို့တွင် ထုတ်လုပ်သည့် ပစ္စည်းများကို အသုံးမပြုရန် မေရီလန်း ပြည်နယ်အုပ်ချုပ်ရေးမှူး တားမြစ်

အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ် ရီပတ်ဘလီကန်ပါတီဝင်အုပ်ချုပ်ရေးမှူး လယ်ရီဟိုဂန်က နိုင်ငံပိုင်ပစ္စည်းများတွင်TikTokအပါအဝင်တရုတ်နှင့်ရုရှားအခြေစိုက်ထုတ်ကုန်များနှင့်လူမှုမီဒီယာများကို အသုံးပြု ခြင်းကို တားမြစ်သည့် အရေးပေါ်ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။

အစိုးရဌာနများသည် တရုတ်အခြေစိုက် TikTok၊Huawei Technologies၊WeChat၊Alibaba နှင့် ရုရှားဗိုင်းရပ်စ်သတ်သည့်ဆော့ဖ်ဝဲ Kaspersky ကဲ့သို့သော ထုတ်ကုန်များကို ဖယ်ရှားရမည်ဖြစ်ကြောင်း ဟိုဂန်၏ဒီဇင်ဘာ၅ရက်ညွှန်ကြားချက်ဖော်ပြထားသည်။

နိုင်ငံခြားကုမ္ပဏီများသည်ဆိုက်ဘာသူလျှိုလုပ်မှု၊သတင်းမှားလှုံ့ဆော်မှုများနှင့်အရေးကြီးသောသတင်းများကိုစုဆောင်းမှုတွင်ပါဝင်နေကြောင်းယုံကြည်ရသည်ဟုမေရီလန်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။

"နေ့စဉ်လူနေမှုဘဝအတွက်အရှိမဖြစ်လိုဖြစ်နေတဲ့ဆိုက်ဘာအားနည်းချက်တွေထက်ကျွန်တော်တို့ရဲ့ပုဂ္ဂိုလ်ရေးလုံ ခြုံမှုနဲ့ အမျိုးသားလုံခြုံရေးကို ပိုမိုခြိမ်းခြောက်နိုင်တဲ့အရာ မရှိပါဘူး" ဟုဟိုဂန်ကပြောကြားခဲ့သည်။

TikTokကိုတောင်ဒါကိုတာပြည်နယ်အစိုးရပိုင်စက်ပစ္စည်းများတွင်အသုံးပြုခြင်းအားအုပ်ချုပ်ရေးမှူးခရစ်တီနွန်းက ပိတ်ပင်ပြီးတစ်ပတ်အကြာတွင် မေရီလန်းပြည်နယ်၏တားမြစ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

FBI ဒါရိုက်တာခရစ်တိုဖာဝေရီကTikTokသည် "နိုင်ငံတော်လုံခြုံရေးအတွက်စိုးရိမ်စရာကောင်းသည်" ဟုလွှတ်တော်အမတ်များအားနိုဝင်ဘာလကသတိပေးခဲ့သည်။

ကွန်ဂရက်အဖွဲ့ဝင်အများအပြားကအမေရိကန်တွင်TikTokကိုပိတ်ပင်မည့်ဥပဒေတစ်ရပ်ကိုလည်းနိုဝင်ဘာလကအဆိုပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required