စစ်ကိုင်းတိုင်းသေကြီးအစိုးရအဖွဲ့မှ ရေဘေးဒုက္ခသည်များကိုပြောင်းရွှေ့ပေးရန် ဖိအားပေး

စစ်ကိုင်းတိုင်းသေကြီးအစိုးရအဖွဲ့မှ ရေဘေးဒုက္ခသည်များကိုပြောင်းရွှေ့ပေးရန် ဖိအားပေး

ချင်းမိုင်၊ မတ် ၈ ။            ။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ် နယ်နမိတ်တွင် နေထိုင်နေသော ရေဘေး ဒုက္ခသည်များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၎င်းတို့ နယ်မြေဖြစ်၍ ပြောင်းရွှေ့ပေးရန် ဖိအားပေး ခံနေရကြောင်း ရေဘေး ဒုက္ခသည်များကပြောသည်။ ယင်းဒုက္ခသည်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် ချင်းပြည်နယ် တွန်းဇံမြို့နယ် တွီးခေဇန်နှင့် တွီးတွန်ကျေးရွာအကြားတွင် နေထိုင် နေသော ရေဘေးဒုက္ခသည် အိမ်ခြေ ၆၃၂ မှ လူဦးရေ ၃၆၀၀ ခန့်ကို နေထိုင်နေသော နေရာမှ ပြောင်းရွှေ့ရန် ဖိအားပေးခံနေရခြင်း ဖြစ်သည်။

ယနေ့ မတ်၇ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တွန်းဇံမြို့နယ် အုပ်ချုပ်ရေးမှူးက ရဲတပ်ဖွဲ့များနှင့် လာရောက်ကာ လာမည့် မတ်၁၅ ရက်နေ့ နောက်ဆုံးထား၍ အမြန်ဆုံး ပြောင်းရွှေ့ရန် ပြောဆိုခဲ့သည်ဟု တွီးခေဇန်ကျေးရွာမှ ဇူမီး ရပ်မိရပ်ဖ အကျိုးတော်ဆောင် ဥက္ကဌ ဦးပေါင်ခေးထန်က ပြောသည်။

“ဒီနေ့က အထက်ရွာမှာ လာပြောတာ။ တွန့်ဇံက မြို့နယ်မှူးနဲ့ ရဲတွေလာတယ်။ သူတို့ ပြောသွားတာက အမြန်ဆုံးရွှေပါ၊ ၁၅ ရက်မတိုင်ခင်မှာ ရွှေ့ပါ။ ကျနော်တို့လည်း ရွှေ့နိုင်မှာ မဟုတ်ဘူး။ မပြောင်းရင် တခုခုလုပ်မိလိမ့်မယ်လို့ မှာထားတယ်ကျနော်။ တို့ကတော့ မပြောင်းချင်ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း မိုးရွာတွန်းမှုကြောင့် မြေမြှုပ်ခဲ့ရသဖြင့် ထိုနေရာသို့ ပြောင်းရွှေ့ လာခြင်း ဖြစ်ပြီး အစိုးရမှ မည်သည့် ကယ်ဆယ်ရေး အကူအညီမှ မခံစားခဲ့ရသလို၊ လက်ရှိ ရေ အဓိကက အခက်အခဲ ဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

“ပြောမယ်ဆို ကျနော်တို့ နိုင်ငံသားအချင်းချင်း လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့တာလေ။ ကျနော်တို့က ကယ်ဆယ်ရေး ဘာမှကို မခံစားရဘူး။ အခုက ရွက်ဖျင်တဲမှာ နေရတယ်ဆိုတော့ နေဖို့လည်း ခက်နေတော့ တာ။ ရေက ချောင်းထဲကနေ ပိုက်နဲ့ ယူနေရတယ်။ Would food က တစ်လမှာ ဆန် ၅ ပြည် ဆီလာဖို့တယ်။ အဲဒါဘဲ စားနေတယ်”ဟု သူက ပြောသည်။

လက်ရှိ နေထိုင်နေသည့် နေရာသည် ချင်းပြည်နယ်အတွင် နေထိုင်နေခြင်း ဖြစ်ပြီး လက်ရှိ အစားအသောက် အခက်အခဲ ရှိနေသည်ဟု တွီးခင်ဇံကျေးရွာမှ ရပ်မိရပ်ဖ ဦးပူးအန်ဆိုင်ပွန်းက ပြောသည်။

“ကျနော်တို့ ပြောင်းမယ် ဆိုလည်း မလွယ်တော့ဘူးလေ။နေရာလည်း မရှိတော့ဘူး။ ကျနော်တို့ နေနေတာကတော့ ချင်းပြည်နယ်ပါ။ ကျနော်တို့ကတော့ မှတ်တိုင်းချထားတဲ့ နေရာမှာ နေနေတာ။ အခုတော့ ရေလည်း ကောင်းကောင်းမရဘူး။ စားစရာလည်း မရှိဘူး။ အိမ်လည်း မရှိဘူး။ နေရေး ထိုင်ရေးကတော့အခက်အခဲ အများကြီး ရှိတယ်”ဟု သူက ပြောသည်။

မတ်လ ပထမပတ်က နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ ချင်းပြည်နယ် နယ်လုံဝန်ကြီးနှင့် စစ်ကိုင်းတိုင်း နယ်လုံဝန်ကြီးတို့ တွေ့ဆုံ ညှိနှိုင်းခဲ့သော်လည်း တစ်စုံ တစ်ရာ ပြေလည်မှု မရရှိသေးဘဲ နယ်မြေ အငြင်းပွားနေဆဲ ဖြစ်သည်ဟု ဇူမီးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးဖြစ်၊ တီးတိန်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကင်ကန်းလျံဟု မဇ္ဈိမကို ပြောသည်။

“စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် နယ်လုံဝန်ကြီးတို့ကတော့ လာကြတယ်။ သူတို့မှာလည်း ဒါဒါဆိုပြီး ဆုံးဖြတ်ချက်တော့ ဘာမှမချဘူးလေ။ စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီးက ရွှေ့ခိုင်းတာ။ ဒါပေမဲ့ အဲဒီမှာ ရှိတဲ့ ရွာသူရွာသားတွေက ကျနော်တို့ နဂိုကတည်းကနေ ဒီမှာနေတာ ချင်းပြည်နယ်ဘဲ ဆိုပြီး ပြောကြတယ်။ ရပ်ကျေး အုပ်ချုပ်ရေးမှူးကလည်း ပြောင်းဖို့ ပြော၊ သူတို့လည်း ကျနော်တို့ ချင်းပြည်နယ်ပါဘဲ ဆိုပြီး ငြင်းပြီးတော့ ပဋိ့ပက္ခ မဖြစ်ရုံတမယ်ဘဲ၊ လောလောဆယ် ပါးစပ်နဲ့ဘဲ ငြင်းတယ်လို့ ပြောတယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ချင်းပြည်နယ် ဟားခါးတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှု အဆိုးဆုံး ခံစားခဲ့ရပြီး တွန်းဇံ၊ ဖလမ်း၊ ပလက်ဝ၊ မတူပီ၊ တီးတိန်မြို့များတွင်လည်း မြေပြိုမှုကြောင့် လမ်းလမ်းများ ပျက်ဆီးခဲ့သည်။

ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း မွေးမြူရေး၊ ကျေးလက် ဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့တွင် အသုံးပြုနိုင်ရန် ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၃၄.၆ သန်း အထောက်အကူပေးမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်က မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွာ သဘောတူ လက်မှတ်ရေးထိုးခဲ့သလို၊ အောက်တိုဘာလကလည်း ဂျပန်ယန်းငွေ သန်း ၂၇၄၀ ထောက်ပံ့ရန် လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly