မြန်မာနိုင်ငံလွှတ်တော်မှာ တောင်းစားသူတွေအတွက် ဆွေးနွေးပေးစေချင်တယ်

မြန်မာနိုင်ငံလွှတ်တော်မှာ တောင်းစားသူတွေအတွက် ဆွေးနွေးပေးစေချင်တယ်

ရန်ကုန်တိုင်ဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မှာနေတဲ့ ဒေါ်ဝင်းဝင်းစန်း ရေးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူရေးလိုက်တဲ့ စာထဲမှာ သူဟာ စာဖတ်ဝါသနာပါသူတစ်ဦး ဖြစ်ပြီး နေ့စဉ်သတင်းစာများကိုလည်း ဖတ်ရှုသူတစ်ဦး ဖြစ်တယ်လို့ ဆိုပါ တယ်။ မနေ့က သူ သတင်းစာတစ်စောင်မှာ ဖတ်လိုက်ရတဲ့ နိုင်ငံခြား သတင်းတစ်ပုဒ်မှာ ထိုင်းနိုင်ငံ တွင် တောင်းစားသူများကို အများပြည်သူသုံး နေရာများမှ ဖယ်ရှားဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတဲ့ သတင်းကို ဖတ်ပြီး မြန်မာနိုင်ငံမှာလည်း တောင်းစားသူများ ပပျောက်ရေးကို လုပ်ဆောင်စေလိုတာ ကြောင့် တာဝန်ရှိသူများ ဖတ်မိစေဖို့အတွက် မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရေးသား ပေးပို့ခဲ့တာလို့ ပြောပါတယ်။

ခရီးသွား ဝါသနာပါသူတစ်ဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနံှ့ ဘုရားဖူး သွားရောက်ခဲ့ဖူးပါ တယ်။ သွားခဲ့တဲ့ ဘုရားဖူးခရီးတိုင်းမှာ တောင်းစားသူတွေကို ရှောင်လို့ မလွတ်နိုင်ခဲ့ပါဘူး။ ရွှေစက် တော်၊ ပုဂံ၊ မန္တလေး၊ စစ်ကိုင်း စတဲ့ တန်ခိုးကြီးဘုရားတွေ သွားရင်း တောင်းစားသူတွေက နိုင်ငံခြား ခရီးသွားတွေကို ဝိုင်းအုံပြီး တောင်းနေကြတာ မြင်ရင် သူ့စိတ်ထဲမှာ အားနာရှက်ရွံ့သလို စိတ်မ ကောင်းသလို ခံစားရမိတယ်လို့ ရေးပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်းစားသူများနဲ့ ပတ်သက်တဲ့ ဥပဒေ ကို သူ အသေအချာ မသိပေမယ့် ဖတ်လိုက်ရတဲ့ ထိုင်းနိုင်ငံ သတင်းမှာ တောင်းစားသူများကို တရားမ ဝင်ကြောင်း၊ ကြေညာမယ့် ဥပဒေနဲ့ လမ်းများမှာ တီးမှုတ်တီဆို ဖျော်ဖြေပြီး သွေတောင်းသူများဟာ လိုင်စင်ကိုင်ဆောင်ထားရမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေများကို ထိုင်းအမျိုးသား ဥပဒေလွှတ်တော် (NLA) က မတ်လ ၄ ရက်နေ့မှာ အတည်ပြုလိုက်တယ်ဆိုတာ ဖတ်ရတော့ မြန်မာနိုင်ငံမှာလည်း အလားတူ ဥပဒေမျိုးတွေ ရှိစေချင်တယ်လို့ ဆိုပါတယ်။

ထိုင်းလွှတ်တော်က အခု အတည်ပြုလိုက်တဲ့ ဥပဒေသစ်အရ တောင်းစားခြင်းကို ပြစ်မှုအဖြစ် သတ်မှတ်ပြီး တောင်းစားခြင်းကို အားပေးအားမြှောက် ပြုသူများကိုလည်း အပြစ်ပေးမယ်ဆိုတာ ကတော့ မြန်မာနိုင်ငံအနေနဲ့ ကိုက်ညီချင်မှ ကိုက်ညီမှာ ဖြစ်ပေမယ့် ဖမ်းဆီးမိတဲ့ ထိုင်း တောင်းစားသူများ ကို အသက်မွေးဝမ်းကျောင်း အတက်သင်တန်း တက်ရမယ်ဆိုတာကိုတော့ သဘောကျမိတယ်လို့ ပြောပါတယ်။ တကယ်တော့ လူအချို့မှာ ဘဝရပ်တည်ဖို့အတွက် အစပြုဖို့ ခက်ခဲတက်ပြီး ဘယ်ကစရ မယ်ဆိုတာ မသိကြသလို ငွေကြေးအရင်းအနှီးနဲ့ နည်းပညာတွေ နည်းလမ်းတွေလည်း အဆင်မပြေ နိုင်ကြတာကို တာဝန်ရှိသူတွေ၊ ပရဟိတ အသင်းအဖွဲ့တွေအနေနဲ့ ပညာပေး စည်းရုံးပေးကျရင် မြန်မာ နိုင်ငံမှာ တောင်းစားသူတွေ လုံးဝ မပျောက်တောင် တဖြည်းဖြည်း လျော့ကျလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူတစ်ယောက်အနေနဲ့ ကိုယ့်ဘဝကိုယ် ဖန်တီးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရင် လူ့တန်ဘိုး မြင့်မားလာသလို နိုင်ငံတော်အနေနဲ့လည်း တောင်းစားသူတွေ မရှိရင် နိုင်ငံသိက္ခာ ကျဆင်း မှု လျော့နည်းသွားစေနိုင်မယ်လို့ ထင်မြင်ယူဆတဲ့အတွက် ထိုင်းလွှတ်တော်လိုပဲ မြန်မာနိုင်ငံ လွှတ်တော်မှာလည်း တောင်းစားသူများနဲ့ဆိုင်တဲ့ ဥပဒေတွေ ပြဌာန်းပြီး အသက်မွေးဝမ်းကျောင်းမှုနဲ့ ပတ်သက်တဲ့ စီမံချက်တွေကို ရေးဆွဲ အကောင်အထည်ဖော်ကာ ထိထိရောက်ရောက် လုပ်ဆောင်ပေး စေလိုကြောင်း စေတနာနဲ့ ရေးသားပေးပို့ခဲ့တဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly