ဆန္ဒပြပွဲများက တရုတ်၏ ကမ္ဘာ့စူပါပါဝါအစီအစဉ်ကို ပျက်ပြားစေနိုင်

ဆန္ဒပြပွဲများက တရုတ်၏ ကမ္ဘာ့စူပါပါဝါအစီအစဉ်ကို ပျက်ပြားစေနိုင်

တရုတ်တွင် ပြင်းထန်သော ပိတ်ဆို့ကန့်သတ်မှုများနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ကိုဗစ်မူဝါဒကြောင့် ဆက်လက်ဖြစ်ပွားနေသည့် ဆန္ဒပြမှုများသည် ကမ္ဘာ့စူပါပါဝါနိုင်ငံဖြစ်လာစေရေး ရှီကျင့်ဖျင်၏ မျှော်မှန်းချက်ကို အဟန့်အတားဖြစ်စေနိုင်သည်။

ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေသည့် အစိုးရ၏ ပြင်းထန်သော နည်းဗျူဟာများ အပေါ် မကျေနပ်မှုများကြောင့် မကြာသေးမီက မြို့ကြီးတစ်ဒါဇင်တွင် ဆန္ဒပြမှုများ မြင့်တက်လာနေကြောင်း Washington Post က ဖော်ပြခဲ့သည်။

လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုထက် အမျိုးသားလုံခြုံရေးနှင့် တည်ငြိမ်မှုကို ပိုမိုလိုလားသည့် သမ္မတရှီကျင့်ဖျင် ၏ ပိုမိုကျယ်ပြန့်သော အမျိုးသားရေးအမြင်အပေါ် မကျေမနပ်ဖြစ်နေကြောင်း ပေကျင်းနှင့် အခြားမြို့ကြီးများ တွင် ဖြစပေါ်နေသည့်ဆန္ဒပြမှုများက ဖော်ပြနေသည်။

အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက တရုတ်အင်အားကြီးမားလာမှုကို တားဆီးရန် ပူးပေါင်းကြံစည် နေသည်ဟု တရုတ်က မကြာခဏ ပုံဖော်လေ့ရှိကြောင်း Washington Post က ဖော်ပြခဲ့သည်။

လက်ရှိဆန္ဒပြမှုများကို လျှို့ဝှက်နိုင်ငံခြားသူလျှိုများက ဦးဆောင်ပြီး ဆန္ဒပြသူများကို သွေးထိုးလှုံ့ဆော်နေ ကြောင်း အမျိုးသားရေးဝါဒီ ဝေဖန်သုံးသပ်သူများက အကြောင်းပြ ပြောကြားခဲ့သည်။

နိုင်ငံသားများ၏ ပါဝင်မှုမှာ ဒေသန္တရ၊ တိုင်းရင်းသားနှင့် လူတန်းစား နယ်နိမိတ်များကို ကျော်လွန်နေပြီး တစ်နိုင် ငံလုံးအတိုင်းအတာနှင့် ဖြစ်ပေါ်ခဲ့သည်ဟု ဗြိတိန် ဒါဟန်တက္ကသိုလ်မှ နိုင်ငံတကာရေးရာ လက်ထောက် ပါမောက္ခချန်ချန်က ပြောကြားခဲ့သည်။

“နိုင်ငံတစ်ဝန်းလုံးက လူတွေက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲနဲ့ စိတ်ပျက် စရာတွေကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရပါတယ်” ဟု Washington Post က ဖော်ပြခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော ဆန္ဒပြပွဲများသည် ၁၉၈၉ခုနှစ်တီအန်မင်ရင်ပြင် ဒီမိုကရေစီရေးလှုပ်ရှားမှုနောက်ပိုင်း တရုတ်ကြုံတွေ့နေရသည့် အကြီးမားဆုံးသော အုံကြွမှုကြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required