မာတာအနီကတ်ပြခံရခြင်းကို မိုက်မဲမှုဟု ဗန်ဟားလ်ဝေဖန်

မာတာအနီကတ်ပြခံရခြင်းကို မိုက်မဲမှုဟု ဗန်ဟားလ်ဝေဖန်

မတ် ၇၊ မန်ချက်စတာ ။          ။ ထိပ်သီးလေးသင်းဝင်ခွင့်ကို ဆိုးရွားစွာထိခိုက်ခဲ့ပြီးနောက် မာတာ၏ မိုက်မဲသောအနီကတ်ပြစ်ဒဏ်မှာ မန်ယူအသင်းကိုထိခိုက်ပျက်စီးစေမည် ကို ဗန်ဟားလ်က ထိတ်လန့်နေသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သောပွဲတွင် ဝက်စ်ဘရွန်းအသင်းသည် ပွဲချိန် ၆၆ မိနစ်တွင် ရွန်ဒွန်သွင်းယူသည့်ဂိုးဖြင့် ယူနိုက်တက်ကို ၃၂ နှစ်အတွင်း ပထမဆုံးအိမ်ကွင်းနိုင်ပွဲရယူသွားခဲ့သည်။

ယင်းရလဒ်ကြောင့် ယူနိုက်တက်အသင်းမှာ အဆင့် ၆ နေရာသို့ရောက်သွားခဲ့ပြီး အဆင့် ၄ နေရာမှ မန်စီးတီးအသင်းအမှတ် ၅၀ ရထားချိန်၌ ဝက်စ်ဟမ်းမှာအဆင့် ၅ သို့ရောက်လာပြီး ထိပ်သီးလေး သင်းနေရာလုပွဲသို့ ဝင်ရောက်လာခဲ့သည်။

ပွဲချိန် ၂၆ မိနစ်အတွင်း ဒိုင်လူကြီးမိုက်ဒိန်းက မာတာကို အဝါကတ်နှစ်ကတ်ဆက်တိုက် မြန်ဆန်စွာပြသခဲ့ခြင်းမှာ ဗန်ဟားလ်အတွက် ငြီးငြူစရာဖြစ်လာခဲ့ခြင်းဖြစ်သည်။

ကြာသပတေးနေ့တွင် လီဗာပူးလ်အသင်းနှင့်ကစားမည့်ယူရိုပါလိဂ်ပထမအကျော့မတိုင်မီ ယူနိုက်တက်အသင်း၏လေးပွဲဆက်နိုင်ပွဲဆက်မှု ရပ်တန့်သွားခြင်းနှင့် ၆၄ မိနစ်ခန့်ကစားသမား ၁၀ ယောက်ဖြင့်ကစားခဲ့ရခြင်းတို့က အသင်းအပေါ်ရိုက်ခတ်မှုရှိလာမည်ကို ဗန်ဟားလ်က ကြောက်ရွံ့နေခြင်းဖြစ်သည်။

"အရှေ့က လေး၊ ငါးပွဲလောက်နဲ့ ချိန်ဆက်ပြတ်သွားတယ်။ ဒီပွဲက နောက်ပွဲအပေါ်လည်းလွှမ်းမိုးမှုရှိလာနိုင်လို့ သိပ်ဆိုးပါတယ်။ ကျွန်တော့် အမြင်ကိုပြောရရင် မလိုအပ်တဲ့ရှုံးပွဲပဲ။ ကျွန်တော်တို့အရှုံးနဲ့မတန်ဘူး။ ဝက်စ်ဘရွန်းအသင်းရတဲ့အခွင့်အရေးတွေကို ကျွန်တော်တို့နဲ့ယှဉ်လိုက် ရင် မရှုံးသင့်တဲ့ရှုံးပွဲပဲ။

၁၀ ယောက်နဲ့ ၁၁ ယောက်ယှဉ်လိုက်ရင် အခွင့်အရေးတွေဖန်တီးဖို့ခက်တယ်။ လူတစ်ယောက်ထုတ်ခံရတာက ပွဲရဲ့အလှည့်အပြောင်းပါပဲ။ သူ့ရဲ့ဒုတိယမြောက်ကျူးလွန်မှုက ပြစ်ဒဏ်ဘောဆိုပေမယ့် အဝါကတ်ဖြစ်သင့်ရဲ့လား။

ဝက်စ်ဘရွန်းကစားသမားတွေရဲ့ ပြစ်ဒဏ်ကျူးလွန်တဲ့ပထမသုံးကြိမ်က အဝါကတ်မပြခံရဘူး။ ဒါပေမဲ့ဒိုင်က တစ်ဦးတည်းကို ငါးမိနစ်အတွင်း အဝါကတ်နှစ်ကြိမ်ပြခဲ့တယ်"ဟု ဗန်ဟားလ်က ဆိုသည်။
မိုက်ဒင်းအနေဖြင့် ပရီးမီးယားလိဂ်တွင်တစ်ကြိမ်မှ အနီကတ်ပြမခံရဖူးသေးသည့် မာတာ၏မှတ်တမ်းအပေါ်တွင်လည်း ထောက်ထားခဲ့သင့် သည်ဟု ဗန်ဟားလ်က ဆိုသည်။

"ပထမတစ်ကြိမ်ကတော့ မိုက်မဲလို့ပြခံရတာပါ။ ကစားသမားတစ်ယောက်အနေနဲ့ အဝါကတ်တစ်ကြိမ်ပြခံရပြီးရင် သတိထားရတော့မယ်။ နောက်တစ်ကတ်အချိန်မရွေးပြခံရနိုင်ပြီး အနီကတ်ဖြစ်သွားမှာ"ဟု ဗန်ဟားလ်က ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly