ဒိုဟာမှာ အကြီးဆုံး ပန်းချီ စံချိန်ကို ချိုးဖျက်လိုက်တဲ့ အီရန် ပန်းချီဆရာ

ဒိုဟာမှာ အကြီးဆုံး ပန်းချီ စံချိန်ကို ချိုးဖျက်လိုက်တဲ့ အီရန် ပန်းချီဆရာ
Photos: EPA

ကာတာယဉ်ကျေးမှုဝန်ကြီးဌာနဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက အီရန်ပန်းချီဆရာ အီမတ် ဆာလီဟီး ရေးဆွဲပြီးစီးခဲ့တဲ့ ဧရိယာ ၉,၆၅၂ စတုရန်းမီတာရှိ ကမ္ဘာ့အကြီးဆုံး ကင်းဗတ်စ်ပန်းချီကားကြီးကို ကာတာတက္ကသိုလ်မှာ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ သူ့ရဲ့ "The Story of a Ball" ခေါင်းစဉ်နဲ့ စွယ်စုံကျမ်းမှတ်တမ်းတွေထဲကို ဝင်ရောက်ခဲ့တာပါ။

ဒီပန်းချီကားဟာ ကာတာတက္ကသိုလ်မှာ တည်ရှိတဲ့ ဘောလုံးကွင်း အတိုင်းအတာဖြင့် ဂင်းနစ်မှတ်တမ်းဝင်ဖို့ ကမ္ဘာ့အကြီးဆုံး ပန်းချီကားတစ်ချပ် ဖြစ်လာခဲ့ပါတယ်။ မနှစ်က ကမ္ဘာ့အကြီးဆုံး ကင်းဗတ်စ်ပန်းချီကားအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တဲ့ ဗြိတိန်ပန်းချီဆရာ ဆာရှာ ဂျက်ဖရီရဲ့ “The Journey of Humanity” ပန်းချီကားကို ကျော်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

အားကစားကွင်းပြည့် "Ball Story" ပန်းချီကားတစ်ချပ် (ကာတာတက္ကသိုလ်)

“Story of a Ball” ဟာ ငါးလကြာ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ဖြစ်ခဲ့ပြီး၊ သမိုင်းဝင်မှတ်ဉာဏ်တွေ ပြန်လည်ရရှိစေပါတယ်။ အသုံးပြုခဲ့တဲ့ ဘောလုံးတွေရဲ့ သဘောသဘာဝ၊ အိမ်ရှင်နဲ့ အနိုင်ရတဲ့ နိုင်ငံတွေ၊ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကာလအားလုံးမှာ အကောင်းဆုံး ကစားသမားတွေနဲ့ ဂိုးသွင်းသူတွေအကြောင်း ဒီပန်းချီကားက ရှင်းပြခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ကာတာယဉ်ကျေးမှုဝန်ကြီး အဗ္ဗဒူရာမန် ဘင် ဟမက် အယ်လ်တာနီ ဦးဆောင်တဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားအတွင်း ပန်းချီလက်ရာ ပြီးစီးမှုအကြောင်း ဗီဒီယိုပြသခဲ့ပြီး ပန်းချီကားကို အနီးကပ်ကြည့်ရှုနိုင်စေဖို့ ကွင်းတွင်း လေ့လာလည်ပတ်မှုတစ်ခု စီစဉ်ပေးခဲ့ပါတယ်။

“အကြီးဆုံး ပန်းချီကားကို ရေးဆွဲဖို့ ကြိုးစားမှုရဲ့ ရလဒ်တွေကို ကြေညာဖို့ ဒီနေ့တော့ ကျနော် ဒီကို ရောက်လာတယ်။ ဒီစံချိန် အောင်မြင်မှုရရှိဖို့အတွက် လမ်းညွှန်ချက်အားလုံးကို လိုက်နာကြောင်း ကျနော်တို့တွေ သေချာစေရမှာဖြစ်ပြီး သူတို့တွေက အောင်မြင်တယ်လို့ ပြောလို့ ကျနော် ဝမ်းသာတယ်လို့ ပြောဗျရစေ”လို့ ဂင်းနစ်ကမ္ဘာ့စံချိန်ဆုံးဖြတ်ရေးအရာရှိ ရှာဒီဂတ်က ပြောပါတယ်။

ပန်းချီအသေးစိတ်အကြောင်း (The New Arab)

"၁,၅၉၅.၇၆ စတုရန်းမီတာကျယ်တဲ့ ပန်းချီကားတစ်ချပ်နဲ့ ဆာရှာ ဂျက်ဖရီရရှိခဲ့တဲ့ စံချိန်တစ်ခုရှိခဲ့ပါတယ်၊" ပန်းချီဆရာ အီမတ် ဆာလီဟီး ဟာ စုစုပေါင်း ၉,၆၅၂စတုရန်းမီတာနဲ့ အောင်မြင်မှုရရှိခဲ့ပါတယ်။ ကာတာယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အကြီးဆုံးပန်းချီအတွက် ဂင်းနစ်မှတ်တမ်းစာအုပ်မှာ မှတ်တမ်းအသစ်ကို ရရှိထားတယ်လို့လည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်တင်သူများကိုယ်စား သူ့ကို ဂုဏ်ပြုပါတယ်။

ပန်းချီဆရာ အီမတ် ဆာလီဟီးက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘောလုံးပွဲတွေ ချီတက်ရာမှာ သမိုင်းဝင် အမွေအနှစ်တွေ ရရှိစေဖို့အတွက် ပန်းချီကားကို ဆိုးဆေး၊ အထည်နဲ့ စုတ်တံ အမြောက်အမြား အသုံးပြုခဲ့ပြီး သူဟာ စုတ်တံနဲ့ ပန်းချီကား ပြီးမြောက်အောင် ဆိုးဆေး လီတာ ၃ဝဝဝ ကျော်နဲ့ ဆေးသုတ် လီတာ ၁၅၀ ကျော် လိုအပ်ခဲ့ပြီး ပျမ်းမျှတစ်နေ့တာ အလုပ်လုပ်ချိန်က ၁၄ နာရီကနေ ၁၈ နာရီကြား ဖြစ်တယ်လို့ ဒီအခမ်းအနားမှာ မိန့်ခွန်းပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required