နီပေါက တရုတ်လှူဒါန်းထားသော ကိုဗစ်ကာကွယ်ဆေးများကို အသုံးပြုဖြစ်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ

နီပေါက တရုတ်လှူဒါန်းထားသော ကိုဗစ်ကာကွယ်ဆေးများကို အသုံးပြုဖြစ်တော့မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ

နီပေါနိုင်ငံသည် တရုတ်နိုင်ငံအခြေစိုက် Sinovac ကုမ္ပဏီထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်းကို အသုံးပြုဖြစ်တော့မည်မဟုတ်ပေ။

နီပေါကျန်းမာရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးများကို စတင်ထိုးနှံရန် ကာကွယ်ဆေးထိုးနှံရေး အကြံပေးကော်မတီ၌ ၄ ကြိမ်အဆိုပြုခဲ့သော်လည်း မဆုံးဖြတ်နိုင်ခဲ့ကြကြောင်း Kathmandu Post သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

နီပေါတွင် ကိုဗစ်အားဖြည့်ဆေးထိုးကြရန်လည်း အလားအလာမရှိသလို Sinovac-CoronaVac ကိုဗစ်-၁၉ ကာကွယ်ဆေးမှာလည်း အန္တရာယ်များလှသည်။ တရုတ်သည် ကူညီထောက်ပံ့ရေးအစီအစဉ်ဖြင့် Sinovac-CoronaVac ကာကွယ်ဆေးပမာဏပေါင်း ၄ သန်းကို ထောက်ပံ့ခဲ့သည်။ ဆေးသက်တမ်းသည် ၂ နှစ်ဖြစ်နေသောကြောင့် ကျန်းမာရေးအာဏာပိုင်များက ဆေးသက်တမ်းတိုသော အခြားကာကွယ်ဆေးကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း Kathmandu Post က ဖော်ပြခဲ့သည်။

ကိုဗစ်မျိုးကွဲများ လျင်မြန်စွာပြောင်းလဲနေပြီး ဆေးဝါးကုမ္ပဏီများကာ ၎င်းတို့ကာကွယ်ဆေးများကို အသစ်ပြန်ထုတ်ရန် လုပ်ဆောင်နေသောကြောင့် လွန်ခဲ့သောလပေါင်းများစွာက ထုတ်လုပ်ခဲ့သော ကာကွယ်ဆေးများကို သိမ်းဆည်းထားရန် မသင့်ကြောင်း ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူများက အာဏာပိုင်များကို အကြံပြုထားသည်။

“Sinovac-CoronaVac ကာကွယ်ဆေးကို ကနဦးထိုးဆေးအဖြစ် သုံးမှာလားလို့ ဒေသန္တရအစိုးရတွေကိုမေးတော့ ဒေသအများစုက ကိုယ်စားလှယ်တွေ ကာကွယ်ဆေးမထိုးထားတဲ့သူ မရှိသလောက်ပဲလို့ ပြန်ပြောပါတယ်” ဟု မိသားစုရေးရာဌာနမှ ဒါရိုက်တာ ဒေါက်တာဘီဘက်ကူးမားက ပြောသည်။ တရုတ်ထုတ် Sinovac-CoronaVac ကာကွယ်ဆေး ၄ သန်းစလုံးကို အသုံးပြုနိုင်ခြေနည်းပါးသောကြောင့် စွန့်ပစ်နိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required