တရုတ်နိုင်ငံတွင် ရောဂါကူးစက်မှုအသစ်များ ထပ်မံတွေ့ရှိသဖြင့် သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒ မအောင်မြင်

တရုတ်နိုင်ငံတွင် ရောဂါကူးစက်မှုအသစ်များ ထပ်မံတွေ့ရှိသဖြင့် သမ္မတရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝ ကင်းစင်ရေးမူဝါဒ မအောင်မြင်

တရုတ်နိုင်ငံတွင် နေ့စဉ် ကူးဗစ်အတည်ပြုလူနာသစ် အနည်းဆုံး ၁၀၀၀ ကျော်တွေ့ရှိနေသောကြောင့် တရုတ်ကွန်မြူနစ်ပါတီမှာ မနိုင်မနင်းဖြစ်လာကာ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒမှာလည်း မအောင်မြင်တော့ပေ။ တရုတ်သမ္မတရှီကျင့်ဖျင်က အောက်တိုဘာလတွင် တတိယသမ္မတသက်တမ်းတာဝန်ရယူပြီးနောက် ကိုဗစ်မူဝါဒဖြေလျှော့ပေးလိမ့်မည်ဟု ပြည်သူများက မျှော်လင့်ခဲ့ကြသော်လည်း နေ့စဉ်ကူးစက်မှု အသစ်များ နှင့်အတူ ပြည်သူများမှာ အသွားအလာပိတ်ဆို့မှု ထပ်မံချမှတ်မည်ကို ကြောက်ရွံ့နေကြသည်ဟု Hong Kong Post က ဖော်ပြသည်။

နိုင်ငံက ကိုဗစ်ကူးစက်မှုအရေအတွက် ကျဆင်းအောင်မလုပ်ဆောင်နိုင်သောကြောင့် ပြည်သူများ၏ မကျေနပ်မှုများ နေ့စဉ်နှင့်အမျှ များပြားလာသည်။

တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများ များပြားလာပြီး ပြည်သူများသည် တရုတ်၏ ပြင်းထန်သော အသွားအလာ ပိတ်ဆို့မှုနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို သပိတ်မှောက်လာကြသည်။

ရှင်ကျန်းပြည်နယ် အူရမ်ကီမြို့မှ တိုက်ခန်းမီးလောင်မှုတွင် လူ ၁၀ ဦးသေဆုံးပြီးနောက် ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု Hong Kong Post က ဖော်ပြသည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် တရုတ်တွင် လူထောင်ပေါင်းများစွာကို လူမဆန်သောအခြေအနေသို့ ရောက်ရှိစေခဲ့ပြီး ပြည်သူများအကြား အကြောက်တရား၊ အမျက်ဒေါသနှင့် စိတ်ရှုပ်ထွေးစေခြင်းများကို ဖြစ်စေခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ မဖြစ်မနေလိုက်နာရမည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ မြို့ကြီးများနှင့် ဒေသများသည် တင်းကျပ်သော အသွားအလာပိတ်ဆို့မှုအောက်သို့ ကျရောက်ခဲ့ကာ ရောဂါကူးစက်ခံရပါက ပြည်သူများကို သီးခြားခွဲထားသည့်စင်တာများသို့ ပို့ဆောင်သည်။ ပေကျင်းအပါအဝင် မြို့ကြီးအားလုံးနီးပါးမှ ပြည်သူများ ကိုဗစ်စစ်ဆေးမှုကို မဖြစ်မနေ ခံယူရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required