ပထဝီနိုင်ငံရေး အပြောင်းအလဲတွင် ပါကစ္စတန်က အဓိက ဒေသတွင်းမဟာမိတ်အဖြစ် ဆက်ရှိနေဟု အမေရိကန် ပြော

By Latestly
03 December 2022
ပထဝီနိုင်ငံရေး အပြောင်းအလဲတွင် ပါကစ္စတန်က အဓိက ဒေသတွင်းမဟာမိတ်အဖြစ် ဆက်ရှိနေဟု အမေရိကန် ပြော

ရုရှား-ယူကရိန်း စစ်ပွဲ ပေါ်ပေါက်ပြီးနောက် ပထဝီနိုင်ငံရေးဆိုင်ရာ အပြောင်းအလဲနှင့်အတူ တရုတ်၏ ရန်လိုမှုများ တိုးလာနေစဉ် အိန္ဒိယသည် ယခုအခါ အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်နိုင်ငံ ဖြစ်လာသကဲ့သို့ ပါကစ္စတန်ကလည်း အမေရိကန်အတွက် အရေးပါသော ဒေသတွင်း မဟာမိတ်အဖြစ် ဆက်ရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါ တောင်အာရှနိုင်ငံ ၂ နိုင်ငံနှင့် ဆက်ဆံရေးအကြောင်း ထုတ်ပြန်ခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

“အိန္ဒိယဟာ တန်ဖိုးမဖြတ်နိုင်တဲ့ မိတ်ဖက်နိုင်ငံ တစ်နိုင်ငံပါ။ ဒေသတွင်းမှာတင်မကပါဘူး။ ကမ္ဘာတစ်ဝန်းမှာ လည်း အိန္ဒိယနဲ့ အမေရိကန်ဟာ တူညီတဲ့ ဦးစားပေးကိစ္စတွေ အများကြီး ရှိပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗီဒန့် ပါတဲလ်က အမေရိကန်နှင့် အိန္ဒိယအကြား ဆက်ဆံရေးနှင့်ပတ်သက်ပြီး မှတ်ချက်ပေးသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာတို့သည်လည်း လိုအပ်သလို နီးနီးကပ်ကပ် ဆက်ဆံလျက် ရှိကြောင်း ၎င်းက ပြောသည်။

အိန္ဒိယကို မတူညီသော အတန်းအစားအုပ်စု ၁ ခုတွင် ထားရှိခြင်း ဖြစ်သည်။ နိုဝင်ဘာ ၂၀ ရက်တွင် အိန္ဒိယက ဂျီ ၂၀ အုပ်စု၏ ဥက္ကဋ္ဌ တာဝန် လွှဲပြောင်းရယူချိန်တွင် ဂျီ ၂၀ အုပ်စု၏ ရုရှားအပေါ် ဝေဖန်မှုက အာရှအင်အားကြီးနိုင်ငံသစ်တစ်ခု ပေါ်ထွက်ခြင်းကို ပြသကြောင်းနှင့် ထိုနိုင်ငံသည် တရုတ် မဟုတ်ဘဲ အိန္ဒိယ ဖြစ်ကြောင်း စီအင်န်အင်န်က မှတ်ချက်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required