ကန့်ကွက်ဆန္ဒပြမှုများရှိနေသော်လည်း ကိုဗစ် တိုက်ဖျက်ရေး အောင်မြင်မည်ဟု တရုတ်အစိုးရ ပြောကြား

ကန့်ကွက်ဆန္ဒပြမှုများရှိနေသော်လည်း ကိုဗစ် တိုက်ဖျက်ရေး အောင်မြင်မည်ဟု တရုတ်အစိုးရ ပြောကြား

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ကိုဗစ်-၁၉ တိုက်ဖျက်ရေးသည် အောင်မြင် လိမ့်မည်ဟု NBC သတင်းဌာနက ဖော်ပြလိုက်သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ ရှန်ဟိုင်းတွင် ဖြစ်ပွားပြီးနောက် တစ်ရက်အကြာတွင် လီကျန်း၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

"တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်မှု၊ တရုတ်ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အတူ ကျွန်တော်တို့ရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေး အောင်မြင်လိမ့်မည်ဟု ယုံကြည်ပါတယ်" ဟု ကျောက်လီကျန်း၏ ပြောကြားချက်ကို NBC News မှ ကိုးကား ဖော်ပြခဲ့သည်။

တရုတ်အစိုးရက "မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီအောင် ကိုဗစ်အစီအမံတွေကိုပြင်ဆင်နေပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်က ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ တင်းကျပ်သော ကိုဗစ်တားမြစ်ချက်များကို ချမှတ်ကျင့်သုံးခဲ့သည်။

တရုတ်အစိုးရသည် တင်းကျပ်သော ပိတ်ဆို့ကန်သတ်မှုများ၊ ခရီးသွားလာမှုကန့်သတ်ချက်များနှင့် ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အစုလိုက်အပြုံလိုက် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်ပြန့်ပွားမှုကို တားဆီးရန် တရုတ်အစိုးရက ချမှတ်ထားသော ကန့်သတ်ချက်များကို ဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်နေသူများကို ပြသသည့် ဗီဒီယိုအများအပြားသည် လူမှုမီဒီယာတွင် ထွက်ပေါ်လာခဲ့သည်။

ဥယုံမုချီမြို့ရှိ တိုက်ခန်းမီးလောင်မှုတွင် လူ ၁၀ ဦး သေဆုံးပြီး ၉ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဒေသခံများ၏ ဆန္ဒပြမှု ဖြစ်ပွားပြီးနောက် ရှန်ဟိုင်းမြို့တွင် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required