အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် အမေရိကန်နှင့် တောင်ကိုရီးယားကို မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်မည် ခြိမ်းခြောက်

အကြီးစားစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် အမေရိကန်နှင့် တောင်ကိုရီးယားကို မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်မည် ခြိမ်းခြောက်

ပြုံယမ်း၊ မတ် ၇ ။              ။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့လျှင် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံသို့အား စဉ်းစားမနေတော့ဘဲ နျူကလီးယားဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်လိုက်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ စစ်ရေးလေ့ကျင်မှုများသည် နှစ်စဉ်ပြုလုပ်ခြင်းလည်းဖြစ်ကာ တင်းမာမှုများကိုလည်း အမြဲတမ်းဖြစ်ပွားနေစေသည့် အကြောင်းကိစ္စဖြစ်နေသည်။

တရားမျှတမှုအတွက် နျူကလီးယားတိုက်ခိုက်ရန် အသင့်ပြင်ထားရေးကို ပြုံယမ်းတွင် အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် ထိုသို့ခြိမ်းခြောက်မှုများကို လုပ်ဆောင်တတ်မြဲဖြစ်ပြီး ၎င်း၏ နျူကလီးယားစွမ်းရည်အပေါ်တွင်လည်း ပညာရှင်များက သံသယရှိထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း မြောက်ကိုရီးယားက အမေရိကန်ကို မီးလောင်ပြင်ဖြစ်သွားစေမည်ဟု ခြိမ်းခြောက်ခဲ့သေးသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုများက ရန်စကျုးကျော်မှုဖြစ်သည်ဟု မြောက်ကိုရီးယားဖက်က ရှုမြင်ထားသည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက မြောက်ကိုရီးုယားကို ကိုယ့်သေတွင်းကိုတူးသလိုဖြစ်မည့် ဆင်ကန်းတောတိုးအပြုအမူများ မလုပ်ရန် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly