တရုတ်တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် ကန့်သတ်ချက်များ တင်းကျပ်ရန် အမေရိကန်အထက်လွှတ်တော်က စီစဉ်နေ

တရုတ်တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် ကန့်သတ်ချက်များ တင်းကျပ်ရန် အမေရိကန်အထက်လွှတ်တော်က စီစဉ်နေ

ပင်တဂွန်စစ်ဌာနချုပ်က တရုတ်စစ်ဘက်ကန်ထရိုက်တာများဟု ယူဆထားသည့် စက်ရုံများမှ ထုတ်လုပ်သော တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို အသုံးပြုသည့် ကုမ္ပဏီများနှင့် အမေရိကန်အစိုးရက စီးပွားရေးလုပ်ကိုင်ခြင်းမပြု ရေးအတွက် တင်သွင်းသည့် အဆိုပြုချက်ကို ထောက်ခံရန် အမေရိ ကန်အထက်လွှတ်တော်၏ ဒီမိုကရက်တစ်ပါတီခေါင်းဆောင်က လွှတ်တော်အမတ်များအား နိုဝင်ဘာ ၂၈ရက်တွင် တိုက်တွန်းလိုက်သည်။

"အမေရိကန်စီးပွားရေးလုပ်ငန်းတွေက အမေရိကန်အစိုးရကို သူတို့ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေ ကို ဝယ်စေချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတဲ့ တရုတ်အစိုးရနဲ့ ပတ်သက်နေတဲ့ တရုတ်လုပ်ချစ်ပ်တွေကို မသုံးသင့်ပါဘူး" ဟု ကျေးဇူးတော်နေ့အားလပ်ရက် ရပ်နားပြီးနောက် အထက်လွှတ်တော်ကို ပြန်စချိန်တွင် အထက်လွှတ်တော်အမတ် ချက်ခ်ရှုးမားက ပြောကြားခဲ့သည်။

"အမေရိကမှာ ထုတ်လုပ်ထားတဲ့ ချစ်ပ်ပြားတွေကို အစိုးရနဲ့ စီးပွားရေးက များစွာ အသုံးပြုဖို့ လိုအပ်ပါတယ်။"

ကာကွယ်ရေးဝန်ကြီးဌာန၏ နှစ်စဉ် မူဝါဒချမှတ်ရေးအတွက် ဖော်ဆောင်ရသည့် အမျိုးသားကာကွယ်ရေး ခွင့်ပြု ချက်အက်ဥပဒေ (NDAA)၏ ပြင်ဆင်ချက်အဖြစ် ယင်းတို့၏ အဆိုပြုကို ရှုးမားနှင့် ရီပက်ဘရီကင် အထက်လွှတ် တော်အမတ် ဂျွန်ကာနေးတို့က တင်သွင်းခဲ့ပြီး NDAA ကို ဒီဇင်ဘာလတွင် အထက်လွှတ်တော်နှင့် အောက် လွှတ်တော်တွင် အတည်ပြုလိမ့်မည်ဟု မျှော်လင့်ထားသည်။

အမေရိကန်စစ်တပ်အတွက် သင်္ဘောများမှသည် လေယာဉ်များအထိ ကိစ္စရပ်အားလုံးနှင့် ပထဝီနိုင်ငံရေး နိုင်ငံ ရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို မည်သို့ကိုင်တွယ်မည်ကို ကို ဆုံးဖြတ်ရခြင်းကြောင့် နှစ်စဉ်အတည်ပြုရသည့် ဥပဒေပြုလွှတ်တော်၏ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့် NDAA ကို စက်မှုလုပ်ငန်းများနှင့် အခြား သော အကျိုးစီးပွားရှိသည့် အုပ်စုများက အနီးကပ်စောင့်ကြည့်နေသည်။

လွှတ်တော်ကိုယ်စားလှယ်များသည်လည်း မူဝါဒအစီအမံများကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန် ဥပဒေကြမ်းကို ကြားခံအဖြစ်လည်း အသုံးပြုကြသည်။

ရှုးမားနှင့် ကားနေတို့၏ အဆိုပြုချက်သည် တရုတ်ချစ်ပ်များအသုံးပြုမှုကို အစိုးရ၏ လက်ရှိတားမြစ်ချက်ကို ပိုမို ကျယ်ပြန့်စေမည်ဖြစ်သည်။

၂၀၂၃ခုနှစ် NDAA တွင် အသုံးစရိတ်အဖြစ် အမေရိကန် ဒေါ်လာ ဘီလီယံ ၈၀ဝ ကို ခွင့်ပြုထားသည်။

"တရုတ်အစိုးရနဲ့ သူ့ရဲ့လုပ်ရပ်တွေကို ကျွန်တော်တို့က တင်းတင်းကျပ်ကျပ် ဆက်လက်တုံ့ပြန်သွားဖို့ လိုပါ တယ်" ဟု ရှုးမားက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required