တရုတ်က ပြိုင်ဘက်များကို ဖိအားပေးရန် မီးခိုးရောင်ဇုန်စစ်ဆင်ရေးကို အင်အားမြှင့်တင်နေ

တရုတ်က ပြိုင်ဘက်များကို ဖိအားပေးရန် မီးခိုးရောင်ဇုန်စစ်ဆင်ရေးကို အင်အားမြှင့်တင်နေ

အခြားနိုင်ငံများနှင့် တိုက်ပွဲများကို ရှောင်ရှားချင်သောကြောင့် ပြိုင်ဘက်များအပေါ် ဖိအားများပေးရေးအတွက် မီးခိုးရောင်ဇုန် စစ်ဆင်ရေးများကို စဉ်ဆက်မပြတ်ပြုလုပ်ရန် တရုတ်က ကြိုးစားနေကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းဖော်ပြလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် သမ္မတရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းပုံပြင်ခြင်းနှင့် ပြုပြင် ပြောင်းလဲမှုများမှ တစ်ဆင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ဘက်မဟုတ်သောအဖွဲ့အစည်းများကို အားကောင်း စေခဲ့ကြောင်း အမျိုးသားကာကွယ်ရေးလေ့လာရေးဋ္ဌာန၏ ၂၀၂၃ခုနှစ် တရုတ်လုံခြုံ ရေးအစီရင်ခံစာတွင် ပါရှိခဲ့သည်ဟု The Japan Times သတင်းစာက နိုဝင်ဘာ ၂၅ရက်က ဖော်ပြထားသည်။

စစ်ရေးကွပ်ကဲမှုတွင် တရုတ်ကမ်းခြေစောင့်တပ်နှင့် ရေကြောင်းပြည်သူ့စစ်တို့ကို ပေါင်းစပ်လိုက်ခြင်းကြောင့် မီးခိုးရောင်ဇုန်နည်းနာများတွင် တရုတ်စွမ်းဆောင်ရည်များ တိုးတက်လာနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

အဖွဲ့များ၏ စက်ကိရိယာများ တပ်ဆင်မှုကိုလည်း ကိုးကား၍ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဂျပန်က အုပ်ချုပ်နေသော်လည်း တရုတ်က ပိုင်ဆိုင်သည်ဟု ဆိုထားသော အရှေ့တရုတ်ပင်လယ်ရှိ ရှင်ကာကု ကျွန်းစုများနှင့် ပတ်သက်ပြီး တရုတ်နှင့် ဂျပန်တို့ အငြင်းပွားနေချိန်တွင် ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု The Japan Times က ဖော်ပြသည်။

အရှေ့တရုတ်ပင်လယ်ရှိ ရှင်ကာကုကျွန်းများကို တရုတ်တို့၏ စဉ်ဆက်မပြတ်ကျူးကျော်ဝင်ရောက်မှုသည် ဂျပန် ပိုင်နက်အပေါ် အမြတ်ထုတ်လိုသော တရုတ်၏ စိတ်ဆန္ဒကြောင့်ဖြစ်သဖြင့် ဂျပန်က စိတ်ပျက်နေသည်။

ရှင်ကာကုကျွန်းများကို ဂျပန်က အုပ်ချုပ်နေသော်လည်း တရုတ်က ယင်း၏ ပိုင်နက်ဖြစ်ကြောင်း အခိုင်အမာ ဆိုကာ အင်အားပြနေသည်။

တရုတ်က ပိုင်ဆိုင်ကြောင်း ဖော်ပြသည့်အနေဖြင့် သရောက်ယွီဟုခေါ်သည့် ယင်းကျွန်းစုများတစ်ဝိုက်ရှိ ဂျပန် ရေပိုင်နက်ထဲသို့ တရုတ်က သင်္ဘောများ စေလွှတ်နေကြောင်း The Japan Times က ဖော်ပြခဲ့သည်။

ကမ်းရိုးတန်းစောင့်တပ်နှင့် ရေကြောင်းပြည်သူ့စစ်များသည် ၂၀၁၀ပြည့်နှစ်များကတည်းက လှုပ်ရှားမှုများကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးလေ့လာရေးဋ္ဌာန၏ အကြီးတန်းသုတေသီနှင့် အစီရင်ခံစာရေးသားသူ ယာမာကူချီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required