ကိုဗစ်ပိတ်ဆို့ကန့်သတ်မှုကြောင့်ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများကို အာရုံစိုက်ထားရန် တရုတ်ကို ဗြိတိန် သတိပေး

ကိုဗစ်ပိတ်ဆို့ကန့်သတ်မှုကြောင့်ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများကို အာရုံစိုက်ထားရန် တရုတ်ကို ဗြိတိန် သတိပေး

တရုတ်အစိုးရ၏ တင်းကျပ်သောကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် လွတ်လပ်မှုအပေါ် ကန့်သတ်ချက်များကို ဆန္ဒပြနေမှုများအားအလေးထား ဂရုပြုသင့်သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းကလယ်ဗာရီက နိုဝင်ဘာ ၂၈ရက် က ပြောကြားလိုက်သည်။

"တရုတ်အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ရှားရှားပါးပါး ဖြစ်ပေါ်လာတဲ့အခါ ကမ္ဘာက သတိပြုသင့်သလို တရုတ်အစိုးရကလဲ အလေးထားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ကလယ်ဗာရီက သတင်းထောက် များအား ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ရှင်ကျန်းဒေသတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာမှ တိုက်ခန်းများတွင် ပိတ်မိနေသူ ၁၀ ဦး သေဆုံးခဲ့ရသဖြင့် တရုတ်ပြည်တွင်းနှင့် နိုင်ငံရပ်ခြားရှိ တရုတ်နိုင်ငံသားများက ဆန္ဒပြခဲ့ကြသည်။

တာဝန်ရှိသူများက ငြင်းဆိုသော်လည်း သေဆုံးမှုဖြစ်ပွားရခြင်းမှာ ပိတ်ဆို့ကန့်သတ်မှုကြောင့် ဖြစ်ကြောင်း ဆန္ဒပြသူများက ပြစ်တင်ပြောကြားသည်။

တရုတ်မြို့ကြီးများရှိ လမ်းများမှ တက္ကသိုလ်ကျောင်းဆောင်များစွာအထိ ဆန္ဒပြသူများသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက အာဏာရယူခဲ့သည့် ခေါင်းဆောင်ရှီကျင့်ဖျင်အား မကြုံစဖူး အာဏာဖီဆန်မှုကို ဖော်ပြခဲ့ကြ သည်။

“ဒါတွေက တရုတ်အစိုးရကို ပြောဆိုနေတဲ့ သူတို့ရဲ့ အသံတွေဖြစ်ပြီး တရုတ်အစိုးရက အဲဒီလူတွေ ပြောတာကို နားထောင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။”

"တရုတ်ပြည်သူတွေ ကိုယ်တိုင်က တရုတ်အစိုးရရဲ့ တင်းတင်းကျပ်ကျပ် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး မကျေ မနပ်ဖြစ်နေတာကို အခုဖြစ်ပျက်နေတာတွေက ဖော်ပြနေပါတယ်" ဟု ကလယ်ဗာရီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required