တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက တိဗက်လူမျိုးများအတွက် အရှင်လတ်လတ်ငရဲသို့ ရောက်သလို ဖြစ်နေ

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက တိဗက်လူမျိုးများအတွက် အရှင်လတ်လတ်ငရဲသို့ ရောက်သလို ဖြစ်နေ

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒက ဒေသခံတိဗက်လူမျိုးများ၏ ဘဝကို အရှင်လတ်လတ်ငရဲသို့ ကျရောက်စေခဲ့သည်။

တိဗက် အပြင်ဘက်ရှိ မိသားစုများနှင့် ဆက်သွယ်ရန်နှင့် ဆန္ဒပြရန် ခွင့်မပြုထားဘဲ တိဗက်လူမျိုးများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ စိတ်ဒဏ်ရာပေးခြင်း၊ နှောင့်ယှက်ခြင်းနှင့် အကူအညီမဲ့ဖြစ်စေသည့် လူမဆန်သော ကိုဗစ် ကန့်သတ်ချက်များကို ခံစားနေရသည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ မှားယွင်းစွာ စီမံခန့်ခွဲမှုကြောင့် တိဗက်လူမျိုးများအတွက် လိုအပ်သော ထောက်ပံ့ ရေးပစ္စည်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

ယင်းပြတ်လပ်မှုတွင် ဆေးဘက်ဆိုင်ရာနှင့် အစားအသောက်ဆိုင်ရာ ပစ္စည်းများ နှစ်မျိုးစလုံး ပါဝင်သည်။ ဆန္ဒပြခွင့်နှင့် သဘောထားထုတ်ဖော်ခွင့်လည်း မပြုကြောင်း Tibet Press သတင်းဌာနက ဖော်ပြခဲ့သည်။

တိဗက်တွင် အစားအသောက်ဈေးနှုန်းများ မြင့်တက်လာပြီး ယင်းကို ကန့်ကွက်ပြောဆိုသူများမှာ တရုတ်အစိုးရ ထောက်ခံသူများ၏ အကြမ်းဖက်မှုကို ခံခဲ့ရကြောင်း ဖော်ပြသည့် ဗီဒီယိုတစ်ခုအား Twitter တွင် တင်ခဲ့သည်။

ဗီဒီယိုထဲတွင် တရုတ်ရဲများက ဒေသခံများကို စော်ကား၊ လက်ထိပ်ခတ်ကာ၊ ငရုတ်ကောင်းဖြန်းဆေးသုံးပြီး ဟန့်တားသည်များကို ဖော်ပြထားသည်။

မည်သူ့ကိုမှ ဆက်သွယ်၍မရစေရန် ၎င်းတို့၏ ဖုန်းများ သိမ်းဆည်းခဲ့ကြောင်း Free Tibet မှ ဗီဒီယိုကို ကိုးကား၍ Tibet Press က ဖော်ပြခဲ့သည်။

တရုတ်အာဏာပိုင်များ၏ လူမဆန်စွာ ပြုမူဆက်ဆံမှုကြောင့် တိဗက်လူမျိုး ၅ ဦးသည် လာဆာမြို့ရှိ အဆောက်အအုံတစ်ခုခေါင်မိုးတွင် ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားခဲ့သည်။

ယင်းကဲ့သို့ မိမိကိုယ်ကို အဆုံးစီရင်ခြင်းသည် တိဗက်တွင် တရုတ်ကျင့်သုံးနေသော အလွန်တင်းကျပ်သော ကိုဗစ်အစီအမံ များကို ဆန့်ကျင်သည့် အသံတိတ်ဆန္ဒပြမှုတစ်မျိုးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required