ကနေဒါက အင်ဒို-ပစိဖိတ်မူဝါဒတွင် ကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ပြီး တရုတ်၏ အနှောင့်အယှက်ပေးခြင်းကို အာရုံစိုက်သွားမည်

ကနေဒါက အင်ဒို-ပစိဖိတ်မူဝါဒတွင် ကာကွယ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ပြီး တရုတ်၏ အနှောင့်အယှက်ပေးခြင်းကို အာရုံစိုက်သွားမည်

ကနေဒါက ကာလကြာရှည် စောင့်မျှော်နေသော အင်ဒို-ပစိဖိတ် မဟာဗျူဟာကို နိုဝင်ဘာ ၂၇ရက်တွင် ထုတ်ပြန် ခဲ့ပြီး ဒေသတွင်း စစ်ရေးနှင့် ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ရန် ကနေဒါဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ (ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ) သုံးစွဲမည်ဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များအတွက် အနှောင့်အယှက်ပေးနေသည့် တရုတ်ကို ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။

စာမျက်နှာ ၂၆ မျက်နှာပါ စာတမ်း၏ အသေးစိတ်အစီအစဉ်တွင် ကနေဒါသည် ဉာဏပစ္စည်း မူပိုင်ခွင့်ကို ကာ ကွယ်ရန်နှင့် တရုတ်အစိုးရပိုင် လုပ်ငန်းများကို အရေးကြီးသော ဓာတ်သတ္တုထောက်ပံ့မှုများမရရှိစေရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းများကို ပိုမိုတင်းကျပ်သွားမည် ဖြစ်သည်။

ကနေဒါဒေါ်လာ ၅၀ ထရီလျံနီးပါး စီးပွားရေးလည်ပတ်နေသည့် နိုင်ငံပေါင်း ၄၀ တည်ရှိပြီး လျင်မြန်စွာ ကြီးထွား လာနေသော အင်ဒို-ပစိဖိတ်ဒေသနှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ကနေဒါက ကြိုးပမ်းနေသည်။

သို့သော် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေသည့်ကာလတွင် တရုတ်အကြောင်းကို အကြိမ် ၅၀ ထက်မနည်း ဖော်ပြခဲ့ပြီး တရုတ်ကို အဓိကထားအာရုံစိုက်ထားသည်။

ဗန်ကူးဗားမြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီး ၄ဦးက အစီအစဉ်သစ်ကို အသေးစိတ်ဖော်ပြကာ ကနေဒါ၏ နိုင်ငံတော်လုံခြုံရေး၊ ရာသီဥတုနှင့် ယင်း၏ စီးပွားရေးပန်းတိုင်များအတွက် ယင်းမဟာဗျူဟာသည် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒူး၏ လစ်ဘရယ်အစိုးရသည် ကုန်သွယ်မှုနှင့် စီးပွားရေးတွင် အမေရိကန်အပေါ် အလွန်အမင်းမှီခိုနေရခြင်းကြောင့် တခြားနိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လိုအပ်လျက်ရှိသည်။

တရားဝင်အချက်အလက်များအရ စက်တင်ဘာလအတွက် တရုတ်နှင့် ကုန်သွယ်မှုသည် စုစုပေါင်းကုန်သွယ်မှု ၏ ၇ ရာခိုင်နှုန်းခန့်သာရှိပြီး အမေရိကန်နှင့် ၆၈ ရာခိုင်နှုန်းရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly