မန္တလေးတွင် ကျပ် ၃၆.၉ ဘီလီယံကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးဖမ်းမိ

မန္တလေးတွင် ကျပ် ၃၆.၉ ဘီလီယံကျော်တန်ကြေးရှိ မူးယစ်ဆေးဝါးဖမ်းမိ

မန္တလေး၊ မတ် ၆ ။           ။ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဇ) ရပ်ကွက် ၆၁ လမ်း စံပြလမ်း နှင့် မင်္ဂလာလမ်း အကြားရှိ ခြံဝန်းအတွင်းတွင် မတ် ၅ ရက်နေ့ က မူးယစ်ဆေးဝါးများ ကာလ တန်ဖိုး ၃၆.၉ ဘီလီယံကျော်ဖမ်းဆီးရမိပြီး ခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ်၊မြို့မ ရဲစခန်း မှသိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိထားသူ ၃ ဦးကို ပြည်ကြီးတံခွန်မြို့နယ်၊မြို့မရဲစခန်းမှ မယ(ပ)၁၂/၂၀၁၆၊မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁/၁၆(ခ) ဖြင့် အရေးယူ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်ကြီးတံခွန်မြို့နယ်၊မြို့မ ရဲစခန်း မှသိရသည်။

ဖမ်းဆီးရမိထားသူသုံးဦးမှာ ကျော်သူမင်း(ယာဉ်နောက်လိုက်)၊ဖိုးချမ်းနှင့်အောင်နိုင်(ယာဉ်မောင်း)တို့ဖြစ်ပြီး အိမ်ရှင်ဖြစ်သည့် လျိုဇီရှောင်(ခ)အိုက်ပေါင်း(ခ)တာကေား(ခ)ကျော်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် ဆက်လက်ဖမ်ဆီးရမိစေရန် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။

ဖမ်းမိသည့် မူးယစ်ဆေးဝါးများမှာ wy စာတန်းပါ ပန်းရောင်ဆေးပြား ၆၇၀၇၈၀၀ပြား၊ice ၈၂ ကီလိုဂရမ် ၊ဘိန်းဖြူ ၁၅ ကီလိုဂရမ် နှင့် ဘိန်းစိမ်း ၁၃ ကီလိုဂရမ် တို့ဖြစ်ပြီး ခန့်မှန်းတန်ဖိုးကျပ် ဘီလီယံ ၃၆.၉ ကျော် နှင့်ကားလေးစီးတို့ ဖြစ်သည်ဟု ပြည်ကြီးတံခွန်မြို့နယ်၊မြို့မ ရဲစခန်းမှသတင်းထုတ်ပြန်ထားသည်။

``ခုဖမ်းစီးရမိတဲ့ မူးယစ်ဆေးဝါးတွေက ပိုင်ရှင်မဲ့ မဟုတ်ပါဘူး ပိုင်ရှင်ရှိပါတယ် ။ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေတယ်။"ဟု အမှတ်(၁၈)မူးယစ်တပ်ဖွဲ့မှ ရဲအုပ် ကပြောသည်။

အဆိုပါ မူးယစ်ဆေးဝါးဖမ်းဆီးရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများလုပ်နေဆဲဖြစ်သောကြောင်း အသေးစိတ်သတင်းမထုတ်ပြန်နိုင်သေးကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မတ် ၆ ရက်နေ့တွင် တာဝန်မှူး ကျနေသူ ရဲဝန်ထမ်းတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly