သမ္မတရှီကျင့်ဖျင်၏ တတိယသက်တမ်း၌ ဆိုးရွားသော ပထဝီနိုင်ငံရေးနှင့်အခြားစိန်ခေါ်မှုများကို တရုတ် အစိုးရ ရင်ဆိုင်ရဖွယ်ရှိ

သမ္မတရှီကျင့်ဖျင်၏ တတိယသက်တမ်း၌ ဆိုးရွားသော ပထဝီနိုင်ငံရေးနှင့်အခြားစိန်ခေါ်မှုများကို တရုတ် အစိုးရ ရင်ဆိုင်ရဖွယ်ရှိ

တရုတ်သည် မျိုးဆက်တစ်ခုတွင် ၁ ကြိမ် စီးပွားရေးစိန်ခေါ်မှုကို ရင်ဆိုင်ရပြီး တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ဆုံးဖြတ်ချက်သည် နိုင်ငံလူဦးရေ ၁ ဒသမ ၄ ဘီလီယံ၏ဘဝကို သိသိသာသာ ပုံဖော်ပေးလိမ့်ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က လာမည့် ၅ နှစ်အတွင်း တတိယသက်တမ်းတွင် နိုင်ငံသည် အဆိုးရွားဆုံး ပထဝီဝင်နိုင်ငံရေးနှင့် အခြားစိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ကို ကြိုသိထားကြောင်း Geopolitica.info သတင်းဝက်ဘ်ဆိုက်က ရေးသားထားသည်။

ပါတီညီလာခံကျင်းပချိန်တစ်လျှောက်လုံးတွင် ရှီကျင့်ဖျင်၏ ကြီးစိုးလွှမ်းမိုးမှုကို အကဲစမ်းခြင်းမရှိခဲ့ကြဘဲ နောက် ၅ နှစ်အတွက် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ အထွေအထွေအတွင်းရေးမှူးချုပ်အဖြစ် အောက်တိုဘာ ၂၃ ရက်က ရွေးချယ်ခဲ့ကြသည်။

သို့သော် တရုတ်စီးပွားရေး ယိမ်းယိုင်နေကာ အလုပ်လက်မဲ့ဦးရေ မြင့်တက်နေပြီး အတောမသတ်နိုင်သော ကိုဗစ်ကန့်သတ်ချက်များက စီးပွားရေးနှင့် ပြည်သူများ၏ ဘဝကို ကသောင်းကနင်းဖြစ်စေသည်။ အိမ်ခြံမြေကဏ္ဍမှာလည်း အကျပ်အတည်းကျရောက်နေကြောင်း Geopolitica.info. က ဖော်ပြခဲ့သည်။

တရုတ်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေးမှာလည်း တင်းမာလာသည်။ တရုတ်နိုင်ငံရင်ဆိုင်နေရသောပြဿနာများမှာ ပိုများလာပြီး ရေရှည်စိန်ခေါ်မှုအများအပြားမှာ ရှီကျင့်ဖျင်အုပ်ချုပ်သည့် ဆယ်စုနှစ်တွင် ပိုမိုဆိုးရွားလာသည်။

သို့သော် တရုတ်ခေါင်းဆောင်၏ အာဏာဆုပ်ကိုင်မှုမှာ ယုတ်လျော့သွားခြင်းမရှိပေ။ ရှီကျင့်ဖျင်က တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ထိပ်တန်းဦးစားပေးဖြစ်ကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း တရုတ်စီးပွားရေးကို ထိခိုက်စေခဲ့သော နက်နဲသည့်ပြဿနာများကို ဖြေရှင်းမည့် အရိပ်အယောင်မရှိကြောင်း Geopolitica.info. က ဖော်ပြသည်။

တရုတ်ခေါင်းဆောင်များသည် ပြည်တွင်းတွင်လည်း စိုးရိမ်ဖွယ်ကောင်းသော အဟန့်အတားများ ကြုံတွေ့နေရသည်ကို သိထားကြသည်။

တရုတ်အစိုးရသည် ကပ်ရောဂါကာကွယ်ရေးမူဝါဒများမှ အစပြု၍ နိုင်ငံပိုင်လုပ်ငန်းများ တိုးချဲ့ခြင်း၊ ပုဂ္ဂလိကကဏ္ဍများ ဆုတ်ခွာစေခြင်းနှင့် နည်းပညာစက်မှုလုပ်ငန်းကိုနှိပ်ကွပ်ခြင်း စသည့် အယူအဆအထိ

စီးပွားရေးနှင့်ပတ်သက်သော အမှားအယွင်းများစွာကို လွန်ခဲ့သည့် ၅ နှစ်အတွင်း ပြုလုပ်ခဲ့ကြောင်း Geopolitica.info က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly