တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်ခြင်းကြောင့် ကန့်သတ်ချက်များ ထပ်မံချမှတ်

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်မြင့်တက်ခြင်းကြောင့် ကန့်သတ်ချက်များ ထပ်မံချမှတ်

တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုလှိုင်း စံချိန်တင်ဖြစ်ပွားမှုကြောင့် ပြည်သူများအတွက် ကန့်သတ်ချက်များ ထပ်မံချမှတ်ခဲ့သည်။

နိုဝင်ဘာလ ၂၄ရက်က ၂၄ နာရီအတွင်း တစ်နိုင်ငံလုံး ကူးစက်မှုအသစ် ၃၁,ဝဝဝ ကျော်ကို ပေကျင်းမြို့ ကျန်းမာရေးကော်မရှင်က စာရင်းရရှိခဲ့ပြီး ကပ်ရောဂါအစောပိုင်းရက်များ နောက်ပိုင်းတွင် ကူးစက်မှုအများဆုံး ဖြစ်ခဲ့သည်။

နိုဝင်ဘာလ ၂၃ ရက်တွင် ကူးစက်ခံရသူအရေအတွက်မှာ ၃၁၄၄၄ ဦးရှိပြီး၊ လူပေါင်း ၂၅ သန်းနေထိုင်ရာ ရှန်ဟိုင်းမြို့၏ စီးပွားရေးအချက်အချာကျသောနေရာကို ၂ လကြာပိတ်ဆို့ကန့်သတ်မှုများ ချမှတ်ခဲ့ရသည့် ဧပြီလ ၁၃ ရက်ကူးစက်မှု စံချိန်ကို ကျော်လွန်သွားခဲ့သည်။

တရုတ်တွင် တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာအရ ပိတ်ဆို့ကန့်သတ်မှုများ ဆက်လက်ချမှတ် နေပြီး၊ နေ့စဉ်အစုလိုက်အပြုံလိုက်စမ်းသပ်မှု၊ တင်းကျပ်သောစောင့်ကြည့်မှု၊ ကူးစက်မှုကွင်းဆက် ခြေရာခံခြင်း နှင့် အတင်းအကျပ်သီးသန့်ခွဲထားခြင်းတို့ကို ဆက်လက်လုပ်ဆောင်နေသည်။ အထူးသဖြင့်မကြာသေးမီရက်သတ္တပတ်များအတွင်း ကူးစက်မှုအသစ်အရေအတွက် သိသိသာသာ ပြန်လည် မြင့်တက်လာခဲ့ပြီးကန့်သတ်ချက်များတိုးမြှင့်လာခဲ့သည်။

တရုတ်အစိုးရသည် မကြာသေးမီက ပြည်တွင်းသို့လာရောက်သူများအား သီးသန့်ခွဲထားသည့်ကာလကို ၁၀ ရက်မှ ၈ ရက်အထိ လျှော့ချခြင်းအပါအဝင် ကိုဗစ်-၁၉ စည်းမျဉ်းအချို့ကို ဖြေလျှော့ပေးခဲ့သည်။

ကျောင်းများ၊ သူငယ်တန်းကျောင်းများနှင့် ဈေးဆိုင်များကို ပိတ်ထားရသည့် မြို့တော်အပါအဝင် အဓိက မြို့ကြီးများအားလုံးနီးပါးတွင် မကြာသေးမီက စီမံချက်အသစ်များ ချမှတ်ခဲ့ပြီး ဒေသခံများကို ဖြစ်နိုင်လျှင် အိမ်တွင်နေကြရန် တောင်းဆိုထားသည်။

ထို့ပြင် ရှန်ဟိုင်းမြို့သို့ လာရောက်သူများကို စားသောက်ဆိုင်များ၊ ဈေးဆိုင်များသို့ ၅ ရက်ကြာ သွားလာခွင့်မပြုကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly