နီပေါမြောက်ပိုင်းနယ်စပ်ရှိ နေရာ ၁၀ ခုတွင် မြေ ၃၆ ဟက်တာကို တရုတ် သိမ်းပိုက်ထား

နီပေါမြောက်ပိုင်းနယ်စပ်ရှိ နေရာ ၁၀ ခုတွင် မြေ ၃၆ ဟက်တာကို တရုတ် သိမ်းပိုက်ထား

နီပေါမြောက်ပိုင်းနယ်စပ်တွင် တရုတ်၏ ဆာလာမီးဝက်အူချောင်းလှီးနည်းဗျူဟာ(တစ်စချင်းဖဲ့ထုတ်သည့် နည်း ဗျူဟာ) ဖြင့် တရုတ်နယ်စပ်ရှိ မြောက်ပိုင်း ၁၀ နေရာတွင် နီပေါလယ်ယာမြေ ၃၆ ဟက်တာအား တရုတ်က ကျူးကျော်သိမ်းပိုက်ထားကြောင်း နီပေါစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စစ်တမ်းတွင် ဖော်ပြထားသည်။

နီပေါ၏ နိုင်ငံတော်မူဝါဒ တွင် နယ်စပ်ပြဿနာများ ထည့်သွင်းရန် လိုအပ်ကြောင်း နီပေါ ပြည်ထဲရေးဝန်ကြီး ဌာနမှ ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် ဖော်ပြထားသည်ဟု Meta Khabar က သတင်းဖော်ပြခဲ့သည်။

သို့သော် ကမ္ဘာအသိုင်းအဝန်းနှင့် နီပေါများကိုယ်တိုင်က ပြဿနာ၏ အတိမ်အနက်ကို နားမလည်ကြပေ။

တရုတ်စစ်တပ်(PLA) က နီပေါခရိုင်တွင် ၂၀၁၆ခုနှစ်တွင် တိရစ္ဆာန်မွေးမြူရေးအတွက် ကုသရေးစင်တာတစ်ခု ကို တည်ဆောက်ခဲ့သော်လည်း ယင်းကိစ္စကို နီပေါက တုံ့ပြန်ခဲ့ခြင်းမရှိပေ။

နီပေါက နှစ်ဖက်ထိစပ်နေသောနယ်နိမိတ်များကို ကျူးကျော်နေသည်ဟု တရုတ်က စွပ်စွဲခဲ့ကြောင်း ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် ဗြိတိန်အခြေစိုက် မီဒီယာက သတင်းဖော်ပြခဲ့သည်။

တရားဝင်စာရွက်စာတမ်းများကို အခြေခံ၍ တရုတ်က နီပေါနိုင်ငံအနောက်ဘက်အစွန်ဆုံး ဟမ်လာခရိုင်ရှိ နယ်ခြားမှတ်တိုင်အနီးအနားတွင် တူးမြောင်းများနှင့် လမ်းများဖောက်လုပ်ရန် စတင်ကြိုးပမ်းခဲ့သည်။

နီပေါနှင့် တရုတ် နယ်စပ်အနီးရှိ လာလန်ဇုန်နယ်နိမိတ်တွင် ကင်းထောက်လှုပ်ရှားမှုများ တရုတ်က လုပ်ဆောင် ခဲ့သည်ဟုလည်း စွပ်စွဲထားကြောင်း Media Dabali က ဖော်ပြသည်။

မကြာသေးမီက သတင်းများအရ နီပေါလယ်သမားများသည် မွေးမြူရေးစားကျက်များအသုံးပြုရေးအတွက် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရပြီး နယ်စပ်ဒေသရှိ 'ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဘုရားကျောင်းများ' ကိုလည်း တရုတ်က တားမြစ်ပိတ်ပင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly