တရုတ်နိုင်ငံ ကွမ်ကျိုး၌ ကိုဗစ်စည်းမျဉ်းဆန္ဒပြသူများနှင့် အဓိကရုဏ်း နှိမ်နင်းရေးရဲများ ထိပ်တိုက်တွေ့

တရုတ်နိုင်ငံ ကွမ်ကျိုး၌ ကိုဗစ်စည်းမျဉ်းဆန္ဒပြသူများနှင့် အဓိကရုဏ်း နှိမ်နင်းရေးရဲများ ထိပ်တိုက်တွေ့

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ကျိုးမြို့တွင် ပြင်းထန်သော ကိုဗစ်-၁၉ ကန့်သတ်ချက်အစီအမံများကို ဆန့်ကျင်ကန့်ကွက်သူများနှင့် ကာကွယ်ရေးဝတ်စုံဝတ်ဆင်ထားသော အဓိကရုဏ်းနှိမ်နင်းရေးရဲများအကြား ထိပ်တိုက်ရန်ပွဲများ ဖြစ်ပွားခဲ့သည်။

အစိုးရ၏တင်းကျပ်သော ကိုဗစ်-၁၉ မူဝါဒအပေါ် မကျေမနပ်ဖြစ်ကာ ရှန်ဟိုင်း၊ ပေကျင်းနှင့် တခြားမြို့ကြီးများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၉ ရက်ညက ဆူပူအုံကြွမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ ခုနှစ် တီယန်နန်မင်ရင်ပြင်ဆန္ဒပြပွဲနောက်ပိုင်း တရုတ်နိုင်ငံတွင် အကြီးမားဆုံး အာဏာဖီဆန်ရေးလှုပ်ရှားမှုဖြစ်သည်။

လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့နေသော ဗီဒီယိုများ၌ ကွမ်ကျိုးမြို့ ဟိုင်ဇူးခရိုင်တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများသည် ရင်ဘောင်တန်း ချီတက်လာပြီး ၎င်းတို့ပတ်ဝန်းကျင်တွင် မှန်ကွဲစများကိုလည်း တွေ့ရသည်။

မြေပြင်ပေါ်၌ လိမ္မော်ရောင်နှင့်အပြာရောင်လမ်းအတားအဆီးများ ပြန့်ကြဲနေပြီး လူများ၏အော်ဟစ်သံများ ကိုလည်း ကြားရသည်။

ဆန္ဒပြသူများက ရဲများကို ပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့သလို ရဲများက လူ ၁ ဒါဇင်နီးပါးခန့်၏ လက်ကို ဝါယာကြိုးဖြင့်ချည်ပြီး ခေါ်ဆောင်သွားခဲ့သည်။

ကွမ်ကျိုးဒေသခံတစ်ဦးဖြစ်သည့် ချန်က ရဲ ၁၀၀ ခန့်သည် ပြီးခဲ့သည့်ညက ဟိုင်ဇူးခရိုင် ဟူးကျောင်းရွာသို့ ရောက်လာခဲ့ပြီး လူ ၃ ဦးထက်မနည်းကို ဖမ်းသွားခဲ့ကြောင်း နိုဝင်ဘာ ၃၀ ရက်တွင် ပြောသည်။

ဟောင်ကောင်မြောက်ဘက်ကပ်လျက်ရှိ ဆိပ်ကမ်းမြို့ဖြစ်သော ကွမ်ကျိုးသည် ကူးစက်မြန်သော အိုမီခရွန်မျိုးကွဲကြောင့်ဖြစ်သည့် နောက်ဆုံးကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို အဆိုးရွားခံခဲ့ရသောမြို့များတွင် အပါအဝင်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required