ကာတာရဲ့ စွမ်းဆောင်ရည်က ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတစ်နိုင်ငံအနေနဲ့ အဆိုးရွားဆုံးဖြစ်

ကာတာရဲ့ စွမ်းဆောင်ရည်က ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတစ်နိုင်ငံအနေနဲ့ အဆိုးရွားဆုံးဖြစ်
Photo: AFP

သူတို့ရဲ့အသင်း ၂၀၁၉ အာရှဖလားကို ဆွတ်ခူးပြီးနောက် အာရှတိုက်ချန်ပီယံများဖြစ်နေစဉ်မှာ ပင်လယ်ကွေ့နိုင်ငံဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ဘီလီယံ ၂၀၀ သုံးစွဲခဲ့။

ကာတာအသင်းဟာ အင်္ဂါနေ့က နယ်သာလန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စိတ်ပျက်စရာကောင်းလောက်အောင် ပြီးဆုံးခဲ့ပြီး အိမ်ရှင်နိုင်ငံတစ်နိုင်ငံအနေနဲ့ အဆိုးရွားဆုံး စွမ်းဆောင်ရည်နဲ့ ပြိုင်ပွဲကနေ ထွက်ခဲ့ပါတယ်။ သူတို့အသင်းဟာ ၂၀၁၉ အာရှဖလားကို ဆွတ်ခူးပြီးနောက် အာရှတိုက်ချန်ပီယံများဖြစ်ခဲ့စဉ် ပင်လယ်ကွေ့နိုင်ငံဟာ ဒီကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ ဘီလီယံ ၂၀၀ သုံးစွဲခဲ့ပါတယ်။ ဒါပမေယ့် ပြိုင်ပွဲအဆင့်အတွက် သူတို့ကို ပွဲတွေ ယှဉ်ပြိုင်ကစားစေမယ့်အစား လေ့ကျင့်ရေးစခန်းမှာ လအတန်ကြာ အသင်းကို သီးသန့်ခွဲထုတ်ထားဖို့ ဆုံးဖြတ်ချက်ချက်က နည်းပြ ဖီလစ်ဆန်းချက်ဇ်နဲ့ သူ့အသင်းအပေါ် ဆိုးဆိုးရွားရွား တန်ပြန်တက်ရောက်ခဲ့ပါတယ်။

ကာတာဟာ ပြိုင်ပွဲအဖွင့်ပွဲစဉ်မှာ အီကွေဒေါကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် သူတို့ရဲ့ ဒုတိယမြောက်ပွဲစဉ်မှာ ဆီနီဂေါကို ၃-၁ ဂိုးနဲ့ ထပ်ရှုံးခဲ့ချိန်မှာတော့ သူတိုဟာ ပြိုင်ပွဲကနေ ထွက်ခွာရမယ့် ပထမဆုံးအသင်းဖြစ်ပါတယ်။ သူတို့ဟာ အင်္ဂါနေ့ ရလဒ်အရ အမှတ် တစ်မှတ်တောင်မရဘဲ ထွက်ခဲ့ရပြီး တစ်ဂိုးသာ သွင်းယူ နိုင်ခဲ့ပါတယ်။

သူတို့ဟာ ၂၀၁၀ မှာ တောင်အာဖရိကပြီးနာက် အုပ်စုအဆင့်က တက်ဖို့ အရေးနိမ့်ခဲ့တဲ့ ဒုတိယမြောက်ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံဖြစ်ပါတယ်။ သို့တိုင် တောင်အာဖရိကဟာ အုပ်စုသုံးပွဲမှာ မက္ကဆီကိုနဲ့ သရေကျပြီး ပြင်သစ်ကို အနိုင်ယူကာ လေးမှတ်ရယူထားပေမယ့်လည်း နောက်ဆုံး ၁၆ သင်းဆင့်ရှုံးထွက်ကို မတက်ရောက်နိုင်ခဲ့ပါဘူး။

၁၉၃၀ ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်သွားကြည့်ရင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၂ ကြိမ်ထိ ကျင်းပခဲ့တဲ့ တခြားအိမ်ရှင်နိုင်ငံတိုင်းဟာ နောက်တစ်ဆင့်ကို ရောက်ရှိခဲ့ပေမယ့်လည်း ၁၉၉၄ မှာ အမေရိကန်လိုပဲ ၂၀၀၂ မှာ ပူးတွဲအိမ်ရှင်ဂျပန်က နောက်ဆုံး ၁၆ သင်းရှုံးထွက်နဲ့ ကျေနပ်ခဲ့ရပါတယ်။ အိမ်ရှင်နိုင်ငံတွေဟာ ကမ္ဘာ့ဖလား ၆ ကြိမ် ဗိုလ်ဆွဲခဲ့ပြီး မကြာသေးခင်ကပဲ ၁၉၉၈ မှာ ပြင်သစ်အသင်းက ဗိုလ်ဆွဲခဲ့ပြီးဒုတိယ နှစ်ကြိမ်ရခဲ့ပါတယ်။

ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံတွေရဲ့ အရင်က စွမ်းဆောင်ရည်များ

၂၀၁၈ - ရုရှား ကွာတားဖိုင်နယ်။
၂၀၁၄ - ဘရာဇီးလ်က စတုတ္ထနဲ့ ပြီးဆုံး။
၂၀၁၀ - တောင်အာဖရိက အုပ်စုအဆင့်မှာ ထွက်ခဲ့ရ။
၂၀၀၆ - ဂျာမနီ တတိယ ရ။
၂၀၀၂ - တောင်ကိုးရီးယား စတုတ္ထ၊ ဂျပန် နောက်ဆုံး ၁၆ သင်းအဆင့်မှာ ရှုံး။
၁၉၉၈ - ပြင်သစ် ချန်ပီယံများဖြစ်။
၁၉၉၄ -  နောက်ဆုံး ၁၆ သင်းရှုံးထွက်မှာ အမေရိကန် အရေးနိမ့်။
၁၉၉၀ - အီတလီက တတိယနဲ့ ပြီးဆုံး။
၁၉၈၆ - မက္ကဆီကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့။
၁၉၈၂- စပိန်အသင်း အုပ်စုဒုတိယအဆင့်မှာ ထွက်ခဲ့။
၁၉၇၈ - အာဂျင်တီးနား ချန်ပီယံများဖြစ်။
၁၉၇၄ - အနောက်ဂျာမနီ ဗိုလ်ဆွဲ။
၁၉၇၀ - မက္ကဆီကိုအသင်း ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့။
၁၉၆၆ - အင်္ဂလန် ဗိုလ်ဆွဲ။
၁၉၆၂ - ချီလီ တတိယ ရ။
၁၉၅၈ - ဆွီဒင် ဒုတိယဆုရ။
၁၉၅၄ - ဆွစ်ဇာလန်အသင်း ကွာတားဖိုင်နယ်နဲ့  ကျေနပ်ခဲ့ရ။
၁၉၅၀- ဘရာဇီးလ် ဒုတိယရ။
၁၉၃၈- ပြင်သစ်အသင်း ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့။
၁၉၃၄ - အီတလီ ဗိုလ်ဆွဲ။
၁၉၃၀ - ဥရုဂွေးအသင်း ချန်ပီယံများဖြစ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly