တရုတ်တစ်ဝန်းတွင် ကိုဗစ်ဆန္ဒပြပွဲများ ဖြစ်ပွားနေသလို ရှန်ဟိုင်းတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

တရုတ်တစ်ဝန်းတွင် ကိုဗစ်ဆန္ဒပြပွဲများ ဖြစ်ပွားနေသလို ရှန်ဟိုင်းတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား

တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်တွင် လူအသေအပျောက်များသော မီးလောင်မှုဖြစ်ပွားမှုအပြီးတွင် တင်းကျပ် သော ကိုဗစ်ကန့်သတ်ချက်ကြောင့် တတိယမြောက်နေ့အဖြစ်ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး မြို့အများ အပြားသို့ပါ ပျံ့နှံ့သွားချိန်တွင် ရာနှင့်ချီသော ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၂၇ရက် ညက ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ကပ်ရောဂါကာလ ၃ နှစ်ခန့်အတွင်း ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို မကျေနပ်မှုများ တိုးလာနေပြီး လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက သမ္မတ ရှီကျင့်ဖျင်အာဏာရလာချိန်မှစ၍ တရုတ်တွင် အာဏာဖီဆန်မှုလှိုင်းသည် မကြုံစဖူး ဖြစ်နေသည်။

ကိုဗစ်အစီအမံများသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်ကို များစွာ ထိခိုက်စေခဲ့သည်။

"ကျွန်တော်က နိုင်ငံကို ချစ်လို့ ဆန္ဒပြနေတာပါ၊ အစိုးရကို မချစ်ပါဘူး... လွတ်လွတ်လပ်လပ် သွားလာချင်ပေမဲ့ မလုပ်နိုင်ပါဘူး။ ကိုဗစ်-၁၉ မူဝါဒဟာ ဂိမ်းတစ်ခုဖြစ်ပြီး သိပ္ပံ ဒါမှမဟုတ် လက်တွေ့ဘဝကို အခြေမခံပါဘူး ” ဟု ဆွမ်းရှောင်အမည်ရှိ ဘဏ္ဍာရေးဗဟိုချက်ဖြစ်သည့် ရှန်ဟိုင်းတွင် ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။

ဝူဟန်နှင့် ချန်ဒူမြို့များတွင် နိုဝင်ဘာ ၂၇ရက်က ဆန္ဒပြခဲ့ကြပြီး တရုတ်တစ်ဝန်းရှိ တက္ကသိုလ်များမှ ကျောင်း သားများက သီတင်းပတ်ကုန်တွင် ဆန္ဒပြရန် စုရုံးခဲ့ကြသည်။

ပေကျင်းတွင် နိုဝင်ဘာ ၂၈ရက်အစောပိုင်းတွင် အနည်းဆုံး လူ ၁၀ဝဝ ခန့်ရှိသော ဆန္ဒပြသူအုပ်စုနှစ်စုသည် တရုတ်မြို့တော်ပေကျင်းရှိ လန်မားမြစ်အနီးရှိ အမှတ် ၃ ပတ်လမ်း တွင် စုဝေးခဲ့ကြပြီး လူစုခွဲရန် ငြင်းဆိုခဲ့ကြ သည်။

"ကျွန်တော်တို့ နှာခေါင်းစည်းမတပ်ဆင်ဘူး၊ လွတ်လပ်မှု လိုချင်ပါတယ်။ ကိုဗစ်စမ်းသပ်မှု မလိုချင်ဘူး၊ လွတ်လပ်မှု လိုချင်ပါတယ် " ဟု ဆန္ဒပြအဖွဲ့များက ကြွေးကြော်ခဲ့သည်။

ရှင်ကျန်းပြည်နယ်၏ မြို့တော် ဥယုံမုချီမြို့တွင် နိုဝင်ဘာ ၂၄ရက်က လူ ၁၀ ဦး သေဆုံးခဲ့ရသည့် လူနေ အဆောက်အအုံတစ်လုံး၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ယင်းသည်ကန့်သတ်ပိတ်ဆို့မှုကြောင့် အဓိက ဖြစ်ရသည်ဟူသော စွပ်စွဲမှုဖြစ်ပေါ်စေခဲ့သည့် ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် ဆန္ဒပြမှုများဖြစ် ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly