စီးပွားရေးလေဆန်ကာလ တရုတ်တွင် ခြောက်နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် အနိမ့်ဆုံးဖြစ်

စီးပွားရေးလေဆန်ကာလ တရုတ်တွင် ခြောက်နှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ် အနိမ့်ဆုံးဖြစ်

ပေကျင်း၊ မတ် ၆ ။             ။ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ လေဆန်ကြုံတွေ့ကာ နှေးကွေးနေပြီး ပြီးခဲ့သည့်နှစ်က ဝန်ဆောင်မှုလုပ်ငန်းများ အကြီးအကျယ်ကျဆင်းခြင်းတို့ကြောင့် နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်ကြေညာရာတွင် ခြောက်နှစ်အတွင်း အနည်းဆုံးအသုံးစရိတ်ဖြစ်နေသည်။

နှစ်ပတ်လည်ပါတီညီလာခံတွင် ဘတ်ဂျတ်အသုံးစရိတ် ထုတ်ပြန်ချက်အရ အစိုးရက ၂၀၁၆ ကာကွယ်ရေးအသုံးစရိတ်ကို ၇ ဒသမ ၆ ရာခိုင်နှုန်းမြှင့်တင်ကာ ယွမ် ၉၅၄ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၁၄၆ ဘီလီယံ) သုံးစွဲသွားရေး ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်က ဘတ်ဂျတ်အသုံးစရိတ်က ၁၀ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် အမေရိကန်ပြီးလျှင် ဒုတိယ စီးပွားရေးအကြီးဆုံးနှင့် ကာကွယ်ရေးအသုံးစရိတ် အကြီးဆုံးနိုင်ငံဖြစ်ပြီး ယခုခြောက်နှစ်အတွင်း အနိမ့်ဆုံးဖြစ်သည့် ကာကွယ်ရေးဘတ်ဂျတ်မှာလည်း ကမ္ဘာ့ကာကွယ်ရေးအသုံးစရိတ် နိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံအောက် ရှစ်နိုင်ငံပေါင်း အသုံးစရိတ်ထက်ပင် ပိုများသည်။

အမေရိကန်နိုင်ငံတွင် ၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို သမ္မတအိုဘားမားက အမေရိကန်ဒေါ်လာ ၅၃၄ ဘီလီယံ အဆိုပြုခဲ့ရာ တရုတ်၏ ဘတ်ဂျတ်ထက် ၃ ဒသမ ၆ ဆခန့် ပိုများခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly